12/21/2015

♪ “Apple က iPhone 6S အတွက် Battery Extension Pack ကို ပြသ” ♫


Apple က နှစ်ပေါင်းများစွာ အကြာကတည်းက iPhone Users များ တောင်းတနေတဲ့ ဖုန်းများအတွက် အပိုဘက်ထရီကို ထုတ်လုပ်ရောင်းချ ပေးလိုက်ပါပြီ။ ဒါဟာ သူ့ရဲ့ ပထမဆုံး iPhone များအတွက် အပို ဘက်ထရီ ဖြစ်ပါတယ်။

အပိုဘက်ထရီကြောင့် iPhone 6S ပိုင်ရှင်များက မူလက ၁၄ နာရီကြာသာ ဖုန်းပြောဆိုနိုင်နေရာကနေ ယခုအခါ ၂၅ နာရီကြာ ဖုန်းပြောဆိုနိုင်ပြီိဖြစ်ပါတယ်။ အပိုဘက်ထရီဟာ ဖုန်းပြောဆိုလျှင် ၁၀ နာရီ ကျော်ကြာ ပိုမို အသုံးခံပါတယ်။ LTE ဆက်သွယ်မှုဖြင့် အင်တာနက် အသုံးပြု လျှင်လည်း ၈ နာရီ ပိုမိုအသုံးခံပြီး မူလ ၁၀ နာရီကနေ ၁၈ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အပိုဘက်ထရီပါတဲ့ Case ကို အသုံးပြုနေစဉ်မှာ iPhone 6S ရဲ့ Lockscreen မှာ “ Intelligent “ Battery Status အသစ်ကို ပြသပေးမှာ ဖြစ်ပါတယ်။ Apple iPhone များအတွက် အပိုဘက်ထရီ Case များကို ထုတ်လုပ်ရောင်းချနေတဲ့ Mophie နဲ့ နှိုင်းယှဉ်ကြည့်ရင် Apple Battery Pack ဟာ ၉၉ ဒေါ်လာ ပိုမိုများပြားနေပြီး Apple iPhone အားလုံး မှာ အသုံးပြုလို့မရပါဘူး။ iPhone 6S တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apple Battery Pack Case မှာ အပို Storage မပါရှိသလို အညှိနဲ့ အဖြူရောင်နှစ်မျိုးကိုသာ ရွေးချယ်နိုင် မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Case ဟာ Apple ရဲ့ ဒီဇိုင်းကို ပြောင်းလဲသွားခြင်းမရှိပါဘူး။ Battery Pack ကို လက်ရှိမှာ အမေရိကန်နဲ့ နယူးဇီလန်မှာ ရောင်းချပေးနေပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com