12/10/2015

♪ Android 6.0 Marshmallow ပါဝင်သော Google Pixel C ကို ၄၉၉ ဒေါ်လာဖြင့် စတင်ရောင်းချ ♫


Nexus 6P နှင့် Nexus 5X စမတ်ဖုန်းများဖြင့် အတူမိတ်ဆက်ပေးခဲ့သော PIxel C tablet ကိုစတင် ဝယ်ယူနိုင်ပြီဟု သိရသည်။

Google Pixel C တွင် နောက်ဆုံးပေါ် Android 6.0 Marshmallow OS ကို အသုံးပြုထားသည်။ ၎င်း tablet ကို အလူမီနီယံဖြင့် တည်ဆောက်ထားသောကြောင့် တန်ဖိုးကြီးထုတ်ကုန်အသွင်ဖြင့် တွေ့မြင်ရ မည်ဖြစ်သလို နောက်ဆုံးပေါ် hardware နှင့် software များဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Pixel C ကို Google က Google Play Store မှတစ်ဆင့် အမေရိကန်၊ သြစတြေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိုင်ယာလန်၊ နယ်သာလန်၊ နယူးဇီလန်၊ စပိန်၊ ဆွစ်ဇာလန်နှင့် ယူကေတို့၌ စတင်ရောင်းချလျက်ရှိသည်။

တန်ဖိုးမှာ 32GB အမျိုးအစားအတွက် ၄၉၉ ဒေါ်လာဖြစ်ပြီး 64GB အတွက် ၅၉၉ ဒေါ်လာ ဖြစ်သည်။ ၎င်း tablet ကို laptop တစ်ခုအနေဖြင့် ပြောင်းလဲသုံးစွဲလိုပါက ဖြုတ်တပ်နိုင်သော ကီးဘုတ်ကို ဒေါ်လာ ၁၅၀ ဖြင့် ဝယ်ယူနိုင်သည်။

Google Pixel C တွင် ၁၀.၂ လက်မ display ပါဝင်ပြီး ၎င်းက 2,560 x 1,800 pixels resolution ဖြင့် ဖော်ပြပေးနိုင်သည်။ ထို့အပြင် မိုဘိုင်းထုတ်ကုန်များအတွက် console-level စွမ်းဆောင်ရည် ပေးစွမ်းနိုင်သည်ဟု အာမခံထားသော Nvidia Tegra K1 ချစ်ပ်ကို အသုံးပြုထားပြီး AnTuTu benchmark စစ်ဆေးမှုမှာ 75,000 points ဖြစ်သည်။ RAM က 3GB ဖြစ်ပြီး USB Type-C port တစ်ခု ပါဝင်သည်။

Ref: IBTimes
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com