Oppo က စက်တင်ဘာလတွင် မိတ်ဆက်ခဲ့သော R7 Plus စမတ်ဖုန်း၏ အဆင့်မြင့်ဗားရှင်းကို မိတ်ဆက်လိုက်ပါသည်။
မူလ အမျိုးအစားတွင် 3GB RAM, 32GB Storage သာပါရှိပြီး အမျိုးအစားအသစ်တွင် 4GB RAM, 64GB Storage ပါရှိလာပါသည်။ အခြား Specifications များမှာ တူညီပြီး ခြောက်လက်မ 1080x1920p Resolution Display နှင့် ColorOS 2.1 တို့ပါရှိပါသည်။
Android 5.1 Lollipop ကို အခြေခံထားသော Operating System ဖြစ်ပါသည်။ Octa-Core Snapdragon 615 Processor , Adreno 405 GPU တို့ပါရှိပါသည်။ ကိုယ်ထည်ကို သတ္တုဖြင့် ပြုလုပ်ထားပြီး အနောက်ဘက်တွင် Fingerprint Sensor တပ်ဆင်ပေးထားပါသည်။
တရုတ်ရှိ China Unicom Carrier နှင့် တွဲဖက် အသုံးပြုနိုင်သော အမျိုးအစားကိုလည်း ထုတ်လုပ်ပေးထားပြီး Octa-Core MediaTek MT6795 SoC ထည့်သွင်းပေးထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် LED Flash တို့ကို တပ်ဆင်ပေးထားပါသည်။ ကင်မရာတွင် Laser Auto Focus နည်းပညာပါရှိပါသည်။ အရှေ့ဘက်တွင် 8MP Camera ပါရှိပါသည်။
4100mAh Battery ထည့်သွင်းထားပြီး တရုတ်ယွမ် ၂၉၉၉ ( ဒေါ်လာ ၄၈၃) ၀န်းကျင် တန်ကြေးရှိပါသည်။ Oppo ရဲ့ တရုတ်ဝက်ဆိုက်တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ယခုလနှောင်းပိုင်းတွင် ပို့ဆောင်ပေးမည်ဖြစ် သည်။
Credit to ==> Myanmar Digital Life Journal