4/07/2017

♪ “ရန်ကုန်မြို့အတွင်း သွားလာရလွယ်ကူစေရန် ကူညီပေးမည့် Yangon Map Offline Apk” ♫

No automatic alt text available.

ရန်ကုန်မြို့ထဲတွင် Bus စီးလိုသူများနှင့် နေရာတစ်ခုမှတစ်ခုသို့ မည်သို့သွားရ မည်ဆိုသည်ကို အချက် အလက်ပြည့်စုံစွာဖြင့် ကူညီပေးနိုင်သည့် Yangon Mobile Offline အမည်ဖြင့် Application အသစ်တစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။

အဆိုပါ Apk ၏အားသာချက်မှာ အင်တာနက်မရှိသည့် အချိန်တွင်ပါ Offline အသုံးပြုနိုင်အောင်ပါ ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ရန်ကုန်မြို့မြေပုံကို လမ်းများ ၊ မြို့နယ်များ ၊ နေရာများကို Offline ကြည့်ရှု အသုံးပြုနိုင်ရုံ သာမက ဘဲ မြေပုံ Map နှင့်ပတ်သက်သည့် အချက်အလက်များကို နေ့စဉ်နီးပါး Data Update ပြုလုပ်ပေးနေသောကြောင့် ရန်ကုန်မြို့တွင်းလမ်း ၊ နေရာများနှင့် ပတ်သက်သည့်အချက်အလက်များကို အတိ အကျအမှန်ကန်ဆုံး ဖော်ပြပေး သွားမည်ဖြစ်သည်။ လက်ရှိမိမိ ရောက်နေသည့်နေရာမှ မိမိသွားလိုသည့် နေရာ ကို မည်သို့သွားရမည်၊ မည်သည့်လမ်းကြောင်းမှ သွားသင့်သည် စသည်တို့ကို လမ်းညွန်ပေးသွားမည့် Offline Routing စနစ်လည်း ထည့်သွင်း ပေးထားသည်။


ထို့အပြင် ရန်ကုန်မြို့ထဲမှ စားသောက်ဆိုင်၊ လမ်း၊ ဆေးရုံ နာမည်အကုန်လုံး၏ Data များကိုဖုန်းထဲတွင် Offline သိမ်းဆည်းပေးထား သည့် အတွက် အင်တာနက် မလိုအပ်ဘဲ Yangon Map Offline ဆော့ဝဲတွင် အလွယ်တကူရှာနိုင်မည်ဖြစ်သည်။ ယူနီကုတ် အသုံးပြုသူများနှင့် ဇော်ဂျီ အသုံးပြုသူများမှ မိမိကြိုက်နှစ်သက်ရာ Font ကိုအသုံးပြုနိုင်ရန်လည်း ပြုလုပ်ပေးထားသည်။ မြေပုံတွင် ဖော်ပြထားသည့် တည်နေရာအညွှန်းများကို မြန်မာဘာသာနှင့်သာမက English ဘာသာ နှင့်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ မိမိရောက်နေသည့် လမ်းကြောင်းတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများ ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်အောင် Live Report တင်ပေးမည့် Feature ကိုလည်း ထည့်သွင်းပေးထားသည်။ မိမိသွားလိုသည့် နေရာကိုရောက်အောင် မည်သည့်ဘတ်စ်ကားနံပါတ်ကို စီးပြီးသွားနိုင်သည်ကိုလည်း ဖော်ပြပေးမည် ဖြစ်သည်။

Yangon Map Offline ဆော့ဝဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://www. facebook.com/yangonmapoffline/ တွင် ၀င်ရောက်ကြည့်ရှု နိုင်ပါသည်။ Yangon Map Offline app ကို လက်ရှိအချိန်တွင်သာ Android သုံးဖုန်းများအတွက်သာရရှိနိုင်ပြီး iOS အတွက်ကို မကြာခင်အချိန်အတွင်း ထုတ်လုပ်ပေးသွားမည်ဟုဆိုသည်။ အသုံးပြုလိုသူများအနေဖြင့် Play Store တွင် COMQUAS Yangon Map Offline လို့ရှာပြီး download ရယူနိုင်ကာ http://bit.ly/ygnmap_apk မှလည်း download ရယူနိုင်ပါသည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com