စမတ်ဖုန်းများကို ကိုယ်ပိုင် ၀ယ်ယူ အသုံးပြုနေကြတာ ဖြစ်ပေမယ့်
သူငယ်ချင်း၊ မိတ်ဆွေများကလည်း ယူကြည့်တတ်ကြပါတယ်။ သင့်ရဲ့ စမတ်ဖုန်းမှာ
အခြားလူများ မမြင်တွေ့စေချင်တဲ့ ဓါတ်ပုံများ၊ ဗီဒီယိုများလည်း
ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်းမှ ဓါတ်ပုံ၊
ဗီဒီယိုများကို အခြားလူများ မမြင်တွေ့အောင် ဖွက်ထားဖို့ လိုအပ်လာပါပြီ။
ဒီလို ဖွက်ထားဖို့အတွက် အောက်ဖော်ပြပါ Apps များကို အသုံးပြုနိုင်ပါတယ်။
၁။ Private Photo Vault

Private Photo Vault က သင့်ရဲ့ စမတ်ဖုန်းမှ ဓါတ်ပုံနဲ့ ဗီဒီယိုများကို PIN ဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Passcode များကိုလည်း အသုံးပြုနိုင်ပါတယ်။ ဖိုဒါတစ်ခုလုံးကို ကာကွယ်ထားနိုင်ပါတယ်။ သင့် စမတ်ဖုန်းကို တစ်စုံတစ်ယောက်က သင် မသိအောင် ယူပြီး App ကို ဖွင့်ဖို့ ကြိုးစားတဲ့ အခါမှာ PIN မှားယွင်းနေရင် အဲဒီလူကို ဓါတ်ပုံရိုက်ပြီး ဖုန်းတည်နေရာကို သင့်ထံ ပေးပို့ပေးတဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ သူ့ကို Android နဲ့ iOS အတွက် ဖြန့်ချီပေးထားပါတယ်။
Download ( iOS , Android )
၂။ Best Secret Folder

Best Secret Folder က သင့်ရဲ့ Home Screen မှာ My Utilities အမည်ဝှက်နဲ့ ပြသပေးထားမှာ ဖြစ်တဲ့အတွက် သင် စမတ်ဖုန်းမှာ ဓါတ်ပုံများကို ဖွက်ထားမှန်း အခြားလူများ မသိစေပါဘူး။ အဲဒီအတွက် သင့် စမတ်ဖုန်းမှာ ဓါတ်ပုံများကို Passcode ဖြင့် စိတ်ချလက်ချ ဖွက်ထားနိုင်ပါတယ်။ သင့် ဓါတ်ပုံများကို ခိုးကြည့်ဖို့ ကြိုးစားသူများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ပေးနိုင်ပါတယ်။ ဖုန်းရဲ့ တည်နေရာကိုလည်း သင်က သိနိုင်မှာပါ။
Download ( iOS )
၃။ Vaulty

Vaulty က သင့်ရဲ့ ဓါတ်ပုံများကို PIN ဖြင့် ကာကွယ်ပေးနိုင်သလို ဓါတ်ပုံနဲ့ ဗီဒီယို တည်းဖြတ်တဲ့ စွမ်းဆောင်ချက်များလည်း သူ့မှာ ပါရှိပါတယ်။ သင့် ဓါတ်ပုံများကို အွန်လိုင်းမှာ သိမ်းဆည်းပေးနိုင်တဲ့အတွက် ဖုန်းပျောက်သွားရင်လည်း စိတ်ပူစရာ မလိုပါဘူး။
Download ( Android )
၎။ Gallery Vault

Gallery Vault က သင့် ဓါတ်ပုံနဲ့ ဗီဒီယိုများကို Passcode ဖြင့် ကာကွယ်ပေးနိုင်ပြီး Home Screen မှာလည်း အမည်ဝှက်ဖြင့် ပြသပေးထားမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယိုများကို Encrypt လုပ်ပေးထားမှာ ဖြစ်တဲ့အတွက် လုံခြုံစိတ်ချရပါတယ်။ သူ့မှာ ဘရောက်စာ ပါရှိပြီး ဒေါင်းလုပ်လုပ်လိုက်တဲ့ ဖိုင်များကို ဖွက်ထားတဲ့ ဖိုဒါထဲကို ထည့်ပေးတဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ သင့် ဒေတာများကို SD Card သို့ ကူးပြောင်းနိုင်တဲ့ စွမ်းရည်လည်း ပါရှိပါတယ်။
Download ( Android )
၅။ Gallery Lock

Gallery Lock မှာ အပေါ်မှ Apps များမှာလိုပဲ Home Screen မှာ သူ့ကို ခြေရာခံလို့ မရအောင် ဖန်တီးပေးထားပါတယ်။ သူ့ကို ဖွင့်ဖို့အတွက် Dial App မှာ * ကို နှိပ်ပြီး သင့်ရဲ့ Password ၄ လုံးကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ သူ့မှာ သင့် ဓါတ်ပုံများကို အသံနဲ့တကွ Slideshow အဖြစ် ဖန်တီးနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ သူ့ကို Android အတွက် Play Store မှာ ဖြန့်ချီပေးထားပါတယ်။