4/07/2017

♪ “အနာဂတ် စမတ်ဖုန်းများမှာအားသွင်းဖို့ မလိုတော့” ♫

Image may contain: phone

သိပ်မဝေးတော့တဲ့ အနာဂတ်မှာအားသွင်းဖို့ မလိုတဲ့ စမတ်ဖုန်း၊ တက်ဘလက် များကိုအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ နေရောင်ခြည် စွမ်းအင်ဟာနေ့စဉ် သုံးအီလက်ထရောနစ် ကိရိယာများအတွက် လုံလောက်တဲ့ စွမ်းအင်ကိုပံ့ပိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် နေရောင်ခြည် မရတဲ့ အချိန်မှာစွမ်းအင် ပံ့ပိုး ပေးနိုင်ခြင်းမရှိတဲ့အတွက် ဘက်ထရီများကိုအသုံးပြုနေရတာ ဖြစ်ပါတယ်။

နေရောင်ခြည် စွမ်းအင်ကိုအီလက်ထရောနစ် ကိရိယာများအတွက် ပံ့ပိုးပေး နိုင်တဲ့ Supercapacitors များဟာသမားရိုးကျ ဘက်ထရီများထက် အဖက်ဖက် မှာသာလွန်ကောင်းမွန်ပေမယ့် စွမ်းအင် သိုလှောင်နိုင်မှု ပမာဏအားနည်း ပါတယ်။ အခုတော့ Australia နိုင်ငံ RMIT တက္ကသိုလ်မှ သိပ္ပံပညာရှင်များက Supercapacitorsများရဲ့ စွမ်းအင် သိုလှောင်မှု ပမာဏကို ၃၀၀၀ ရာခိုင်နှုန်း အထိတိုးမြှင့်ပေးနိုင်တဲ့ Electrode ကိုဖန်တီးနိုင်ခဲ့ပါပြီ။

PhD ရထားတဲ့ သုတေသနပညာရှင် Litty V. Thekkekarနဲ့ ပါမောက္ခ Min Guတို့ကသူတို့ရဲ့ နည်းပညာကိုတီထွင်ဖို့အတွက် အပင်တစ်မျိုးမှာတွေ့ရတဲ့ Patterns များကိုအတုယူခဲ့ရတယ်လို့ ပြောပါတယ်။ Gu က အဲဒီအပင်ရဲ့ သွေးကြောကွန်ရက်များဟာအလွန်သိပ်သည်းတဲ့အတွက် အလွန် စွမ်းရည် မြင့်မားတဲ့ စွမ်းအင်ကိုသိုလှောင်နိုင်တယ်လို့ ပြောပါတယ်။

သူတို့ရဲ့ Electrode ကိုအဲဒီအပင်ရဲ့ သွေးကြောတည်ဆောက်မှု ပုံသဏ္ဍာန် အတိုင်းဖန်တီးထားပါတယ်။ လက်ရှိမှာတော့ အဲဒီနည်းပညာကိုသုတေသန ဆက်လက် ပြုလုပ်နေပြီးအနာဂတ်မှာတော့ စမတ်ဖုန်း၊ တက်ဘလက်များ ကိုအားသွင်းရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးစေမှာပါ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com