4/06/2017

♪ Xiaomi က Mi 6 ကို ဒီလထဲမှာ မိတ်ဆက်မည် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/xiaomi_mi_5_2_thumb800.png?fit=800%2C450&ssl=1

Xiaomi က ဒီလထဲမှာ စွမ်းဆောင်ရည်မြင့် Mi 6 ကို မိတ်ဆက်မယ်လို့ သတင်းများထွက်နေပါတယ်။ သတင်းများအရ ဧပြီလ ၁၆ ရက်နေ့မှ Launching Event ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Xiaomi Mi 6 ဟာ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 835 SoC ကို ထည့်သွင်းထားတဲ့ ပထမဆုံး တရုတ် စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီ Chipset ကို မကြာခင်က မိတ်ဆက်လိုက်တဲ့ Samsung ရဲ့ စွမ်းဆောင်ရည်မြင့် Galaxy S8 နဲ့ S8 Plus စမတ်ဖုန်းများမှာလည်း ထည့်သွင်းထားကြတာ ဖြစ်ပါတယ်။

သတင်းများအရ Xiaomi Mi 6 မှာ ၅.၂ လက်မ LCD Display တပ်ဆင်ထားမှာ ဖြစ်ပြီး Sony Xperia XZ Premium လို ကင်မရာများ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Mi 6 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားနိုင်ပါတယ်။

6GB RAM/ 128GB Internal Storage Model ကို ၃၆၅ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ Mi 6 အတွက် 4GB RAM Model ကိုလည်း ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်ပါတယ်။ အရွယ်ကြီးမားတဲ့ 4000mAh Battery တပ်ဆင်ထားမှာ ဖြစ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com