4/06/2017

♪ iOS မှာ ကစားနိုင်မယ့်နာမည်ကြီး ဘောလုံးဂိမ်း - " Active Soccer 2 " ♫

Image may contain: one or more people and text

Actvie Soccer 2 ဟာ ဘောလုံးဂိမ်းဝါသနာရှင်တွေ မျှော်လင့်စောင့် ဆိုင်းနေကြတဲ့ နောက်ဆက်တွဲဘော လုံးဂိမ်းဖြစ်ပြီး မြန်ဆန်သွက်လက်စွာ ကစားရတဲ့ arcade experience ကိုပေးနိုင်တဲ့ ဘောလုံးဂိမ်းဖြစ်ပါတယ်။ ကစားသူရဲ့တာဝန်က ကိုယ်ပိုင်ဘော လုံးအသင်းထူထောင်ပြီး ထိပ်တန်းလိဂ်မှာ အမြင့်ဆုံးနေရာကို ရောက်ရှိအောင် အသင်းကို ဦးဆောင်သွားရမယ့်ပုံစံ ဖြစ်ပါတယ်။

မတူညီတဲ့အရည်အချင်းတွေရှိတဲ့ ကစားသမားတွေကို အသင်းအတွက် ရွေးချယ်ပြီး လေ့ကျင့်ပေးတာ၊ နည်းဗျူဟာတွေ တိုးတက်အောင် လုပ်တာတို့ လုပ်ပေးခြင်းဖြင့် ကစားပွဲတွေကို အနိုင်ရရှိအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကွင်းထဲမှာ ကိုယ့်ရဲ့ကစားသမားတွေကို ထိန်းချုပ်ကစားပေးပြီး ပြိုင်ဘက်ရဲ့ ဂိုးပေါက်ထဲကို အနိုင်ဂိုးတွေ သွင်းယူဖို့ကြိုးစားရမှာပါ။ ကစားပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းက ကလပ်အသင်းတွေနဲ့ နိုင်ငံ အသင်းတွေအပါအဝင် အသင်းပေါင်း 800 ကျော်ထဲက ရွေးချယ်နိုင်ပြီး ကစားသမားပေါင်း 21000 ထဲက ရွေးချယ်နိုင်ပါတယ်။

မတူညီတဲ့ ကင်မရာရှုထောင့်ကို ရွေးချယ်နိုင်ပြီး မြင်ကွင်းကို ဒေါင်လိုက်၊ အလျားလိုက် ဒါမှမဟုတ် ထောင့်ဖြတ်ထားနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ online match တွေလည်း ယှဉ်ပြိုင်ကစားနိုင် ပါတယ်။ iOS 4.3 နဲ့အထက်မှာ ကစားနိုင်ပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com