4/03/2017

♪ " Samsung Galaxy A5 2017 " Price - 525,000 Ks ♫

Image may contain: phone

Samsung Galaxy A5 2017 ဟာ Flagship ဖုန်းတစ်လုံးလိုပဲ ထူးခြားကောင်းမွန်ပြီး ဈေးနှုန်းကလည်း အလယ်အလတ်တန်းစားအဆင့်လောက်ပဲရှိပါတယ်။ Hardware ပိုင်းရော Software ပိုင်းပါကောင်းမွန်တဲ့အပြင် ဒီဇိုင်းပုံစံကလည်း အဆင့်မြင့်ဖုန်းတစ်လုံးရဲ့အသွင်အပြင်အတိုင်း ရှိပါတယ်။ IP68 certified ကိုရရှိထားပြီး ဖုန်ဒဏ်နဲ့ရေဒဏ်တွေကိုခံနိုင်တာကြောင့် ရေအနက် ၁ မီတာခွဲမှာ မိနစ် ၃၀ ကြာမျှ အသုံးပြုနိုင်ပါတယ်။

GSM ၊HSPA နဲ့ LTE networks တွေကိုထောက်ပံ့ထားပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ ဘက်ထရီစွမ်းအားပိုင်းမှာ Non-Removable Li-Ion 3000 mAh battery ကိုသုံးထားလို့ ဖုန်းဆက်တိုက်ပြောမယ်ဆိုရင် နာရီပေါင်း ၁၆ နာရီခန့် သုံးနိုင်ပါတယ်။ Bluetooth 4.2 စနစ်နဲ့ USB 2.0, Type-C 1.0 reverssible connector က ခေါင်းကို ဟိုဘက်ဒီဘက် ကြိုက်သလိုအသုံးပြနိုင်မှာပါ။ ၄င်းရဲ့ အားသာချက်တွေကတော့ OLED screen သုံးထားခြင်း၊ ဘက်ထရီစွမ်အားကောင်းမွန်ခြင်းနဲ့ တည်ဆောက်ပုံအဆင့်မြင့်မားခြင်းတို့ပဲ ဖြစ်ပါတယ်။

* Design & Build *

၎င်းဖုန်းရဲ့တည်ဆောက်ပုံဒီဇိုင်းက ခေတ်မီဆန်းသစ်ပြီး ကိုယ်ထည်က တောင့်တင်းခိုင်မာမှုလည်း ရှိပါတယ်။ ဖုန်းကို သတ္တုနဲ့ glass သုံးပြီး ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ပေးထားသလို ဘေးဘောင်တွေကတော့ အလူမီနံယမ်နဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အရှေ့ဘက်နဲ့ နောက်ကျောဘက်ကို အကြမ်းခံတဲ့ Corning Gorilla Glass ကိုသုံးထားတာကြောင့် ပိုမိုကြည့်ကောင်းစေပါတယ်။ ရေစိုခံနိုင်အောင်လို့လည်း ကိုယ်ထည်ကို အကောင်းဆုံးပစ္စည်းတွေနဲ့ပဲ တီထွင်ဖန်တီးပေးထားပါတယ်။ ဖုန်းအရွယ်အစားက 146.1 x 71.4 x 7.9 mm ရှိပြီး 157g လေးပါတယ်။


ဖုန်းရဲ့အရှေ့ဘက်မှာ Home Button မှာ fingerprint sensor တို့ကိုတပ်ဆင်ထားပြီး ၄င်းက စက္ကန့်ပိုင်းအတွင်း ဖုန်းကို unlock လုပ်ပေးနိုင်ပြီး စိတ်ချယုံကြည်စွာသုံးစွဲနိုင်တာကြောင့် Data လုံခြုံရေးပိုင်းကိုလည်း စိတ်ပူစရာမလိုပါဘူး။ ညာဘက်ဘေးဘောင်နဲ့ ဘယ်ဘက်ဘေးဘောင်တို့မှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ အသီးသီးတည်ရှိပါတယ်။ ဖုန်းရဲ့နေရာအစိတ်အပိုင်းတွေကို အသေးစိတ်ကအစ သေသေသပ်သပ်တည်ဆောက်ပေးထားပြီး ဆန်းသစ်လှပတဲ့ Black Sky Gold Sand ၊ Blue Mist နဲ့ Peach Cloud ဆိုတဲ့ အရောင် ၄ မျိုးကိုထုတ်လုပ်ပေးထားလို့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

* Display *

ဖုန်းမျက်နှာပြင်က 5.2-inch အကျယ်ရှိပြီး Super AMOLED Capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထားပြီး Full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ လက်မမှာ သိပ်သည်းဆပမာဏက ~424 ppi pixels ရှိပြီး မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ်ပါရှိပါတယ်။ ၄င်း Always-on display ကိုအကြမ်းခံနိုင်အောင် အပ်ါကနေ Corning Gorilla Glass 4 ကိုဖုံးအုပ်ထားပါတယ်။

* Operating System and Camera *

ကိုယ်ထည်အတွင်းထဲမှာ Android OS, v6.0.1 (Marshmallow) ကိုသုံးထားပြီး သုံးနေကျ UI ပုံစံကိုပဲ run ထားပါတယ်။ အနောက်ကင်မရာရော အရှေ့ကင်မရာရော ၂ ခုစလုံးက 16 MP နဲ့ f/1.9 aperture စွမ်းအားတွေ အသီးသီးပါရှိတာကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် အလွန်အသုံးဝင်တဲ့ Photo Modes တွေကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

* Performance *

ဖုန်းတစ်လုံးအဓိကအစိတ်အပိုင်းဖြစ်တဲ့ Processor စွမ်းအားပိုင်းကို Exynos 7880 Octa chipset နဲ့ RAM 3 GB ပါရှိတဲ့ Octa-core 1.9 GHz Cortex-A53 processor တို့က အပြည့်အ၀အထောက်အပံ့ပေးထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်းကို ပိုမိုကောင်းမွန်အောင် Mali-T830 GPU က လုပ်ဆောင်ပေးနိုင်တာကြောင့် ရုပ်ရှင်ကြည့်တဲ့အခါနဲ့ ဂိမ်းကစားတဲ့အခါတွေမှာ သိသာကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ရရှိနိုင်မှာပါ။ ဖုန်းလိုင်းဆွဲအားလည်းကောင်းမွန်သလို အင်တာနက်သုံးရတာ အလွန်အဆင်ပြေနိုင်ပြီး စာရိုက်တဲ့အခါမှာ လျင်မြန်မှုလည်းရှိပါတယ်။ Samsung brand ထဲက ရေစိုခံဖုန်းကောင်းကောင်းကို ဈေးအသက်သာဆုံးနဲ့ ၀ယ်ယူချင်တယ်ဆိုရင်တော့ ဒီ Samsung Galaxy A5 (2017) က အကောင်းဆုံးပါပဲ။



Specification
Display : 5.2 inch, Super AMOLED capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, up to 256 GB
Camera : 16 MP, autofocus, LED Flash
OS : UI-Android 6.0.1 (Marshmallow)

Phone - 09-254839225 (Technoland)

Price - 525,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com