4/03/2017

♪ " My Ooredoo App တွင် အူရီဒူး၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားလုံးကို အလွယ်တကူရယူ၊ ကြည့်ရှုစစ်ဆေးနိုင်ပြီ " ♫

Image may contain: 1 person, smiling, text

My Ooredoo App တွင် အူရီဒူး၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားလုံးကို အလွယ်တကူရယူ၊ ကြည့်ရှုစစ်ဆေးနိုင်ကြောင်း သိရှိရသည်။ အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူး၏ 3G/4G ကွန်ရက်အသုံးပြုနေသည့်အခါတွင် My Ooredoo App သို့ အခမဲ့ဝင်ရောက်အသုံးပြုနိုင်သည်။

Wi-Fi အသုံးပြုနေသည့်အခါမျိုးတွင်လည်း OTP တစ်ကြိမ်သုံး စကားဝှက်ကိုအသုံးပြု၍ My Ooredoo App အား ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။ My Ooredoo App သို့ဝင်ရောက်အသုံးပြုပါက ပထမဦးဆုံးတွေ့ရမည့် ဖုန်းငွေလက်ကျန်နှင့် ခံစားခွင့်စာမျက်နှာတွင် သုံးစွဲသူများအတွက် ပင်မလက်ကျန်ငွေနှင့် ပရိုးမိုးရှင်းလက်ကျန်အတွက် ဒေတာ၊ အသံနှင့် SMS ခံစားခွင့်များအား စစ်ဆေးနိုင်မည်ဖြစ်သည်။ ထို့အပြင် အူရီဒူးသုံးစွဲသူများအနေဖြင့် မိမိအတွက်၊ မိသားစုအတွက်နှင့် သူငယ်ချင်းမိတ်ဆွေများအတွက် အထူးစိတ်ကြိုက် သီးသန့်နံပါတ်များကို My Ooredoo App မှတစ်ဆင့် မိမိကိုယ်တိုင်လွယ်ကူစွာ မှာယူရရှိနိုင်သည်။

ရရှိနိုင်မည့်နံပါတ်နှင့် ဈေးနှုန်းကိုပါ တစ်ပြိုင်တည်းသိရှိနိုင်မည်ဖြစ်ကာ ဆင်းကတ်မှတ်ပုံတင်ခြင်းများကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။ My Ooredoo App ကို Google Play Store နှင့် App Store တို့တွင် အခမဲ့ဒေါင်းလုတ်ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com