4/07/2017

♪ “Lenovo Vibe K5 Plus” Price - 169,000 Ks ♫

Image may contain: phone

ဈေးနှုန်းသင့်တော်ပြီး စွမ်းဆောင်ရည်မြင့် Lenovo Vibe K5 Plus စမတ်ဖုန်း ဟာဆိုရင်ဖြင့် ကျစ်လျစ်မာကျောပြီး ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 142×71×8 mm နှင့် မျက်နှာပြင်အကျယ် 5.0 လက်မ၊ အလေးချိန်အားဖြင့် 140 grams သာရှိ၍ ပေါ့ပါးခိုင်ခံ့သော ဒီဇိုင်းဖြင့် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

K5 Plus စမတ်ဖုန်းဟာ အမြင်အာရုံကို 1080 × 1920 pixels ဖြင့် ထောက်ပံ့ပေးထားပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆ သည် 441ppi ဖြစ်သည့်အပြင် Multitouch စနစ်တွင်လည်း လက်ချောင်း ပေါ်က ထိတွေ့မှုများအတွက် တိကျသောရွေ့လျားမှုကို ပေးစွမ်းပါတယ်။ Lenovo Vibe K5 Plus စမတ်ဖုန်းတွင် အဓိက, ကင်မရာမှာ 13 MP စွမ်းရည် ရှိ၍ အရှေ့ကင်မရာတွင် 5 MP စွမ်းရည်တို့ပါဝင်ပြီး Dual-LED (dual tone) Flash လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှုစွမ်းရည်မှာ 1080p ဖြစ်ပြီး၊ နှုန်းမှာတစ်စက္ကန့်ကို 30frames ဖြစ်ပါတယ်။

မှတ်ဥာဏ်အပိုင်းတွင် 2 GB RAM ၏ ပေါင်းစပ်ထားမှုနဲ့အတူ၊ Internal Storage.16GB ပါဝင်ပါတယ်။ SIM Card နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင် သော Dual SIM စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး SIM Slot နှစ်ခုလုံးတွင် GSM/ WCDMA မည်သည့်ဆင်းကတ်ကိုမဆို ထည့်သွင်းအသုံးပြုနိုင်ပြီး 4G ကွန်ရက် စနစ်အပြည့်အ၀ရရှိစေနိုင်တယ်လို့ သိရပါတယ်။ Dolby Atom နည်းပညာဖြင့် စကားပြောသံများ၊ သီချင်းသံများနှင့် သဘာဝအသံများကို တိကျရှင်းလင်း ထင်သာစွာ နားဆင်နိုင် ပြီး မည်သည့်အသံဖိုင်မျိုးကိုမဆို ပြည့်ဝသောစွမ်းရည် များဖြင့် ခံစားနိုင်မှာဖြစ်ပါတယ်။


OS အပိုင်းတွင် Android အမျိုးအစားကို သုံးနိုင်မှာဖြစ်ပြီး Version မှာ 5.1 ဖြစ်ပါတယ်။ Active Noise Cancellation with Dedicated mic စနစ်လည်း ပါရှိပါတယ်။ Bluetooth Version မှာ 4.1 ဖြစ်ပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ Li-Ion 2750mAh အသုံးပြုထားပြီး အာမခံ (၁) နှစ်ပါဝင်သော Lenovo Vibe K5 Plus သည် အရောင်နှစ်မျိုးရှိပါတယ်။



<Specifications>

Network - GSM/HSPA/LTE
Processor - QC 1.5 & QC 1.2 GHz
Screen - 5 inches
Camera - 13 MP
Storage - 16GB
OS - Android OS, v 5.1
Contact - 09-73171212

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com