4/04/2017

♪ “OPPO F3 Plus” ♫

Image may contain: phone

လျှပ်စစ်နှင့်နည်းပညာပစ္စည်းများဖြန့်ဖြူးနေသည့်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် OPPO သည်၎င်း၏နောက်ဆုံးပေါ်ထုတ်ကုန်သစ်ဖြစ်သည့်Selfie ဘုရင် မျိုးဆက်F3 Plusစမတ်ဖုန်းကို ပြည်တွင်းဈေးကွက်အတွက်မိတ်ဆက်လိုက် သည်။OPPO မှပထမဆုံးသောSelfieကင်မရာနှစ်ခုပါဝင်ကာgroup selfie အတွက်ယခင်ထွက်ရှိဖူးသမျှဖုန်းများတွင်မပါရှိသေးသော၁၂၀ဒီဂရီ wide angle ကင်မရာပါဝင်သည့်F3 Plus စမတ်ဖုန်းကိုဗီယက်နမ်၊အင်ဒိုနီးရှား၊ အိန္ဒိယ၊ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့တွင်ဧပြီလ၁ရက်နေ့၌တစ်ပြိုင်တည်း ရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။

OPPO ၏F3 Plus တွင်အကောင်းမွန်ဆုံးSelfieပုံများကိုရိုက်ကူးနိုင်မည့်16-megapixel အရည်အသွေးရှိသော အရှေ့ကင်မရာပါဝင်လာမည့်အပြင်group selfieရိုက်ကူးမှုများအတွက်ပိုမိုအဆင်ပြေစေမည့်၁၂၀ဒီဂရီwide-angle lens တပ်ဆင်ထားသည့်ကင်မရာကိုပါထည့်သွင်းထားသည်။F3 Plus ၏အနောက် ကင်မရာသည်Sony နှင့်ပူးပေါင်းထုတ်လုပ်ထားသည့်IMX398 sensor တပ်ဆင်ထားခြင်းကြောင့်လုပ်ငန်းသုံးကင်မရာများကဲ့သို့အရည်အသွေး မြင့်မားသောဓာတ်ပုံများကိုရိုက်ကူးနိုင်မည်ဖြစ်သည်။OPPO ဟာSelfie ဖုန်းဈေးကွက်မှာမကြာသေးမီကထွက်ရှိခဲ့တဲ့“Selfieဘုရင်” လို့သတ်မှတ် ထားကြတဲ့F-series နဲ့ဦးဆောင်နေပါတယ်။ဒါ့အပြင်ကျွန်တော်တို့ရဲ့ အမှတ် တံဆိပ်ဟာအရှေ့တောင်အာရှနဲ့ကမ္ဘာ့နေရာ အနှံ့အပြားမှာအလျင်အမြန် နာမည်ရလာခဲ့ပြီး၂၀၁၆ခုနှစ်မှာဆိုရင်အိန္ဒိယနိုင်ငံမှာရှိတဲ့စမတ်ဖုန်းအမှတ် တံဆိပ်တွေထဲမှာနံပါတ်နှစ်နေရာကိုရောက်လာပါတယ်။အခုမိတ်ဆက်လိုက်တဲ့F3 Plus ကြောင့်လည်းgroup selfieတွေကိုပိုမိုရိုက်ယူလာနိုင်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့“Selfieဘုရင်”ဆိုတဲ့ဂုဏ်ပုဒ်ကိုထပ်လောင်းမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်”ဟုOPPO အပြည်ပြည်ဆိုင်ရာမိုဘိုင်းစီးပွားရေးလုပ်ငန်းစု၏ မန်နေးဂျင်း ဒါရိုက်တာနှင့်ဒုတိယဥက္ကဋ္ဌဖြစ်သူSky Li ကပြောသည်။

“F3 Plusကိုခေတ်ရေစီးကြောင်းနဲ့အတူလိုက်ပါနေတဲ့သူတွေ၊selfieပုံတွေ ရိုက်ရတာကိုဝါသနာပါသူတွေနဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုမှတ်တမ်းတင်သူတွေအတွက်အရည်အသွေးကောင်းမွန်တဲ့ဓာတ်ပုံတွေရိုက် ကူးနိုင်အောင်နဲ့အသက်ရှုမှားရအောင်လှပတဲ့selfieပုံတွေရိုက်နိုင်အောင်ရည်ရွယ်ပြီးအရှေ့ကင်မရာနှစ်လုံးပါဝင်တဲ့စမတ်ဖုန်းတစ်လုံးအဖြစ်ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်F3 Plus ကိုအံ့သြဖွယ်လုပ်ဆောင်မှုတွေ၊လှပတဲ့ဒီဇိုင်းနဲ့ထူးခြားလွန်းတဲ့ဘက်ထရီ သက်တမ်းကိုခံစားနိုင်အောင်ဖန်တီးထားပါတယ်”ဟုSky Li မှထပ်လောင်း ပြောသည်။

F3 Plus ကိုရွှေရောင်ဖြင့်ရရှိနိုင်မည်ဖြစ်ပြီးဗီယက်နမ်နိုင်ငံ၊အင်ဒိုနီးရှား နိုင်ငံ၊အိန္ဒိယနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံများတွင်တစ်ပြိုင်တည်းရောင်းချပေးသွား မည်ဖြစ်ကာအရှေ့အလယ်ပိုင်း၊မြောက် အာဖရိကနှင့်သြစတေးလျားနိုင်ငံများတွင်မကြာမီရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ ဒါကြောင့်OPPO F3 plus တွင်ပါဝင်တဲ့လုပ်ဆောင်ချက်တွေအကြောင်းကိုဖော်ပြပေးလိုက်သည်။

<ထူးခြားဆန်းသစ်သောwide-angle၊ရှေ့ကင်မရာနှစ်ခု>

ကောင်းမွန်ပြည့်စုံသောselfieပုံများကိုရိုက်ကူးနိုင်သည့်နည်းပညာကိုဖန်တီးရန်ဆိုသည်မှာOPPO ၏လုပ်ငန်းများစတင်ရာ၊လွန်ခဲ့သည့်ကိုးနှစ်အချိန်ကပင် OPPO ၏ကြီးမားသောသန္နိဋ္ဌာန်တစ်ခုလည်းဖြစ် သည်။ဥပမာဆိုရလျှင် ၂၀၁၂ခုနှစ်အချိန်ကထုတ်လုပ်ခဲ့သောN1 ဖုန်းသည်အရှေ့အနောက်လှည့်၍ ရသည့် ကင်မရာပါဝင်သောပထမဦးဆုံးဖုန်းဖြစ်ခဲ့ပြီး၂၀၁၆ခုနှစ်တွင် ထုတ်လုပ် ခဲ့သောF1 Plus မှာ16 megapixel ရှိအရှေ့ကင်မရာပါဝင်သော ပထမ ဦးဆုံး ဖုန်းဖြစ်ခဲ့သည်။ယခုထုတ်လုပ်လိုက်သောခေတ်ရှေ့ပြေးသည့် ကင်မရာနည်းပညာနှင့်selfieရိုက်ကူးမှုများကိုဆန်းသစ်စေရန်ရည်ရွယ်၍ ထုတ်လုပ်ထားသောdual selfieအရှေ့ကင်မရာသည်selfieဓာတ်ပုံရိုက်ကူးမှု ကိုနောက်ထပ်အဆင့်တစ်ဆင့်သို့ရောက်အောင် မြှင့်တင်ပေးနိုင်တော့ မည်ဖြစ်သည်။

အလုံးစုံပြီးပြည့်စုံသော“selfieဘုရင်” ဖုန်းတစ်လုံးဖြစ်လာစေရန်ရည်ရွယ်၍F3 Plus တွင်selfieရိုက်ကူးရန်အရှေ့ကင်မရာနှစ်ခုထည့်သွင်းထားခြင်း ဖြစ်သည်။16 megapixel ရှိအရှေ့ကင်မရာမှာယခင်F1s “Selfieဘုရင်” စီးရီးတွင်ပါဝင်ခဲ့သောနည်းပညာအမွေဆက်ခံထားခြင်းဖြစ်ပြီး ကင်မရာတွင် 1/3-inch sensor ပါဝင်ကာအလင်းရောင်နှင့်ပုံရိပ်ပြတ်သားမှုကိုပိုမို ကောင်းမွန် စေမည်ဖြစ်သည်။ကြီးမားသောf/2.0 aperture ကြောင့်လည်း မိမိရိုက်ကူးလိုသောအရာဝတ္ထုကို ပြတ်သားစေ၍နောက်ခံရှုခင်းကိုဝါးသွားစေ သည့်depth-of-field effect ကိုကောင်းမွန်စွာရရှိစေနိုင် မည်ဖြစ်သည်။
“Group Selfie”ရိုက်ကူးခြင်းကိုအထူးပြုလုပ်ထားသည့်အဆိုပါစမတ်ဖုန်းသည် ဈေးကွက်ထဲတွင်ပထမဆုံးသော8-mega pixel ရှိ၁၂၀ဒီဂရီwide-angle ပါရှိသောကင်မရာကြောင့်သာမန်၈၀ဒီဂရီကင်မရာများထက် မြင်ကွင်းကို ၁၀၅ရာခိုင်နှုန်းအထိပို၍ကျယ်ကျယ်ရိုက်ကူးနိုင်မည်ဖြစ်သည်။ထို6P Camera lens ကြောင့်ဓာတ်ပုံအတွင်းလူများများဝင်ဆံ့နိုင်မည်ဖြစ်ပြီးပုံရိပ်များ မသဲ ကွဲခြင်းကိုလည်းလျှော့ချပေးနိုင်မည်ဖြစ်သည်။အဆိုပါ8-megapixel ကင်မရာတွင် ¼-inch sensor လည်းပါဝင်သည်။

ဖုန်းတွင်ပါဝင်သောGroup Selfie ကင်မရာသည်သုံးစွဲသူများကိုအလေးထား သော OPPO ၏တုံ့ပြန်မှုတစ်ခုပင် ဖြစ်သည်။F3 Plus ဖုန်းတွင်ပါဝင်သော smart face recognitionကြောင့်လူ၃ဦးထက်ပို၍ ရိုက်မည်ဆိုပါက“Group Selfie” သို့ပြောင်းလဲရိုက်ကူးရန်အသုံးပြုသူအားအသိပေးမည်ဖြစ်သည်။ ထို့အပြင်အသုံးပြုသူများအနေဖြင့်လက်တစ်ဖက်တည်းဖြင့်ကိုင်၍group selfieရိုက်ကူးရစဉ်အခြေအနေများ တွင်လည်းပုံရိပ်များကိုတည်ငြိမ်စွာဖြင့် အဆင်ပြေပြေရိုက်ကူးနိုင်မည်ဖြစ်သည်။ F3 Plus၏ ထူးခြားကောင်းမွန်သော အနောက်ကင်မရာသည်လုပ်ငန်းသုံးကင်မရာတစ်လုံးကဲ့သို့ပုံရိပ်များကို မြန်ဆန်သောfocusing speed နှင့်ရိုက်ကူးနိုင်မည့်အပြင်အသံဆူညံမှုကို လျှော့ချပေးခြင်းနှင့်အလင်းရောင်နည်းသည့်အခြေအနေများတွင်ပါရိုက်ကူး နိုင်သောစွမ်းဆောင်ရည်များပါရှိသည်။16 megapixel ရှိအနောက်ကင်မရာ တွင် 1/2.8-inch IMX 398 sensorပါရှိပြီးအဆိုပါSensor ကိုOPPO နှင့်Sony တို့ပူးပေါင်းဖန်တီးထားခြင်းဖြစ်ကာDual PDAF နည်းပညာကိုလည်းပေါင်းစပ် ထည့်သွင်းထားသည်။PDAF ဆိုသည်မှာphase detection autofocus ရဲ့ အတိုကောက်ဖြစ်ပြီးရွေ့လျားနေသောအရာဝတ္ထုများကိုကြည်လင်ပြတ်သား သောပုံရိပ်များရရှိစေရန်အတွက်အလင်းဆုံရပ်ကိုအလိုအလျောက်အာရုံခံရိုက်ကူးပေးသည့်နည်း ပညာတစ်ခုဖြစ်သည်။

ထို့ကြောင့်focus speed သည်အလင်းရောင်နည်းသောအခြေအနေမျိုးမှာပင် ၄၀ရာခိုင်နှုန်းပိုမိုမြန်ဆန် သွားပြီးကြီးမားတဲ့အလင်းဝင်ပေါက် f/1.7 aperture နှင့်လည်းတွဲဖက်ထားခြင်းကြောင့်ကြည်လင်ပြတ်သား၍ ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ပုံရိပ်တွေကိုရရှိနိုင်မည်ဖြစ်သည်။ထို့အပြင် အသုံးပြုသူများအတွက် ပြည့်စုံကောင်းမွန်ပြီးအပြစ်အနာအဆာမရှိသောselfieပုံများ ရိုက်ကူးနိုင်ရန်အတွက်အခြားဖန်တီးဆန်းသစ် ထားသည့်နည်းပညာများကိုထည့်သွင်းထားသေးသည်။OPPO ၏အလှအပဆိုင်ရာsoftware တစ်ခုဖြစ်သည့် Beautify 4.0 ကလည်းသုံးစွဲသူများကိုမိမိတို့၏ ဓာတ်ပုံများပိုမိုလှပလာစေရန်အတွက် beautification mode အမျိုးအစားများစွာနှင့်သင့်လျော်သောeffect များစွာ ကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်စေမည်ဖြစ်သည်။

<ဖုန်းတွင်းပိုင်းထည့်သွင်းပေးထားမှု>

The F3 Plus ဖုန်းတွင်4GB RAM, 64GB ROM ပါဝင်သောocta-core processor နဲ့ဖန်တီးထုတ်လုပ်ထားသည်။Nano SIM card နှစ်ခု သို့မဟုတ် Nano SIM card တစ်ခုနှင့်Micro SD card တစ်ခုအတွက်double-slot card tray ပါဝင်ပြီးstorage အနေဖြင့်256GB ထိထည့်သွင်းအသုံးပြုနိုင်မည်ဖြစ် သည်။ အဆင့်မြင့်ColorOS 3.0 ပါဝင်သောကြောင့်အသုံးပြုရာတွင် မြန်ဆန် စေပြီးစွမ်းအင်အသုံးပြုမှုကို လည်းလျှော့ချပေးနိုင်မည်ဖြစ်သည်။ဖုန်း၏လုံခြုံ ရေးစနစ်အနေဖြင့်Avast-based virus scanner ကိုထည့်သွင်းပေးထားသည်။


နေ့စဉ်အသုံးပြုရာတွင်ပိုမိုကြာမြင့်စွာအသုံးပြုနိုင်ခြင်းမှာလည်းOPPO ၏ အဓိက ထူးခြားချက်ပင်ဖြစ်သည်။ 4000 mAhရှိသောဘက်ထရီပါဝင်ခြင်း ကြောင့်F3Plus ကို၂၈၄နာရီကျော်ကြာstandby ထားရှိနိုင်မည်ဖြစ် သည်။ OPPO ၏ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သော VOOC Charging Solution ကြောင့်အားသွင်းရာတွင် သာမန်ဘက်ထရီများထက်လေးဆပိုမိုမြန်ဆန်မည် ဖြစ်ပြီး၅မိနစ်ခန့်အားသွင်းလိုက်ရုံဖြင့်၂နာရီကြာဖုန်းပြောနိုင်မည်ဖြစ်သည်။


လုံခြုံစိတ်ချရမှုသည်လည်းOPPO ၏ဦးစားပေးချက်တစ်ခုပင်ဖြစ်သည်။F3Plus ၏Lightning-Fast Touch Access နည်းပညာသည်ဈေးကွက်အတွင်းရှိ ဖုန်းများထဲတွင်အမြန်ဆုံးဖုန်းတစ်လုံးအနေနှင့်အငြင်းပွား ဖွယ်ရှိမည်မဟုတ်ပါ။Home-button တွင်ပါဝင်သောFinger print reader ကဖုန်းဖွင့်ရန်အတွက် ၀.၂စက္ကန့် သာကြာမြင့်မည်ဖြစ်သည်။လက်ဗွေအသုံးပြု၍ဖုန်းခေါ်ဆိုခြင်းနှင့် app launch function တို့ပါဝင်ခြင်းကြောင့် Finger print reader ကိုအသုံးပြု ရာတွင်ပို၍လွယ်ကူစေမည်ဖြစ်သည်။ သုံးစွဲသူများအတွက်F3 Plus မှာ အဆင်ပြေ ချောမွေ့၍လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပြီး ဘက်ထရီသက်တမ်း တာရှည်ခံသောကြောင့် အလုပ်လုပ်ရာတွင်ရော၊ဓာတ်ပုံရိုက်ရာတွင်ပါ အဆင်ပြေစေမည့်ဘက်စုံသုံးစမတ် ဖုန်းတစ်လုံးပင်ဖြစ်သည်။

<ဒီဇိုင်းနှင့်လှပသပ်ရပ်သောဖန်တီးမှု>

F3 Plus ဖုန်းကိုOPPO ၏အစဉ်အလာအတိုင်းဒီဇိုင်းအရည်အသွေးကောင်းမွန် စွာ ပုံဖေါ်ထားပြီး လက်ထဲတွင်ကိုင်ဆောင်ရလွယ်ကူစေရန်အတွက်သေချာစွာ ဒီဇိုင်းဖန်တီးပြုလုပ်ထားသည့်ချော မွတ်ပြောင်လက် ၍ပါးလွှာသောသတ္ထုကိုယ်ထည်ပါရှိသည်။OPPO F3 Plus ဖုန်းတွင်၆လက်မအရွယ်အစားရှိ2.5D Corning Gorilla Glass 5 မျက်နှာပြင်ကိုအသုံးပြုထားသည်။မျက်နှာပြင်ကို ကာကွယ်နိုင်မည့်screen coating ပါဝင်ပြီးကျော့ရှင်းသပ်ရပ်သည့်အမြင်နှင့် အကြမ်းခံနိုင်သောအရည်အသွေးများလည်းရှိပါသည်။F3 Plus တွင် ပြန်လည် ဆန်းသစ်ထားသောantenna 6 ခုပါဝင်လာပြီးယခင်လိုအဖြူရောင်antenna lines များထူထဲများပြားစွာမထည့်သွင်းထားပေ။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com