4/04/2017

♪ “Singtech Infinity i Note 2” Price - 159,000 Ks ♫

Image may contain: phone

Singtech ရဲ့ ဟန်းဆက်အများစုဟာ ဈေးနှုန်းသင့်တင့်တာကြောင့် အများစု ဝယ်ယူသုံးစွဲဖို့အဆင်ပြေစေ ပါတယ်။ နှစ်သောင်းဝန်းကျင်တန် ဟန်းဆက်များ မှသည် တစ်သိန်းခွဲဝန်းကျင်အထိရှိသော ဟန်းဆက်များကို ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်ပါတယ်။ Singtech ရဲ့ Infinity i Note 2 ဟာ ဈေးနှုန်း တစ်သိန်းခွဲဝန်းကျင် သာရှိပြီးစွမ်းရည်ပိုင်းလည်းကောင်းမွန်ပါတယ်။

ဖုန်းရဲ့ အဓိက,ကင်မရာကို အနောက်ဘက်တွင်အဝိုင်းပုံစံ တပ်ဆင်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားများကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းကိုယ် ထည်အရွယ်အစားပမာဏကတော့ 150x77.2x8.8mm ဖြစ်ပါ တယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြု နိုင်မယ့်ဖုန်းအမျိုးအစားဖြစ်ပြီး ထည့်သွင်းသုံးစွဲရမယ့်ဆင်းကတ်အရွယ်အစားကတော့ Micro SIM ပါ။ လက် ဗွေရာစနစ်အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ဖုန်းရဲ့မျက်နှာပြင်အကျယ်အဝန်းကတော့ 5.5 inches ရှိခြင်းကြောင့် ဖုန်း အသုံးပြုတဲ့အခါတွင် ကျယ်ပြန့်သော မြင်ကွင်းရသကို ခံစားရရှိမှာဖြစ်ပါတယ်။ ပုံထွက် ကောင်းမွန်စေဖို့အတွက်လည်း 720x1280 pixels (HD) ထည့်သွင်း ပေးထားပါသေးတယ်။ ကင်မရာနှစ်မျိုး နှစ်စားတပ်ဆင်ပေးထားပြီး အဓိက, ကင်မရာဟာ 13MP စွမ်းရည်ရှိသောကြောင့် အမှတ်တရပုံရိပ်များရိုက်ကူး သောအခါတွင် လှပသောဓာတ်ပုံများကိုသိမ်းဆည်းနိုင်ပါလိမ့်မယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည် ရှိပါတယ်။ ဖုန်းများတွင် RAM ပမာဏဟာ အရေးပါလှပါတယ်။ Singtech ရဲ့ယခုဖုန်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပါသေးတယ်။


ROM အပိုင်းမှာတော့ 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ OTG စနစ်အသုံးပြုနိုင်အောင်လည်း ထောက်ပံ့ ပေးထားပါတယ်။ သုံးစွဲနိုင်မယ့် Android Version မှာ Marshmallow ပါ။ CPU ရဲ့စွမ်းရည်ကတော့ 4x Cortex A-53 1.3GHz ဖြစ်ပါတယ်။ အားသွင်း အသုံးပြု ရမယ့် ဘက်ထရီ စွမ်းအားမှာ 3300mAh ဖြစ်ပါတယ်။


<Specification>

Network - 2G/3G/4G
Screen - 5.5inches
Memory - 16GB
Bluetooth - Yes
CPU - 4x Cor-A53 1.3GHz
OS - Android OS, v6.0
Contact - 09-253380008

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com