4/04/2017

♪ “iPhoneထက်သာတဲ့ Galaxy S8 ရဲ့ အသံစနစ်” ♫

Image may contain: one or more people, phone and text

Samsung Galaxy S8 နဲ့ S8 Plus စမတ်ဖုန်းများဟာ Bluetooth 5.0 ကိုထောက်ပံ့တဲ့ ပထမဆုံးစမတ်ဖုန်းများ ဖြစ်လာကြပါတယ်။ Bluetooth 5.0 ဟာယခင် Bluetooth Version ထက် အသံပေးပို့မှု အပိုင်းမှာ ၂ ဆ ၊ အကွာ အဝေး အပိုင်းမှာ ၄ ဆ ၊ အသံပမာဏအပိုင်းမှာ ၈ ဆ ပိုမိုကောင်းမွန်လာ တယ်လို့ Bluetooth Special Interest Group (SIG) က ရေးသားထားပါတယ်။

ဒါ့အပြင် Bluetooth 5.0 ဟာ Bluetooth Headphone ၂ စုံသို့မဟုတ် Bluetooth Speaker ၂ စုံကိုတစ်ပြိုင်နက် ထောက်ပံ့ပါတယ်။ အရင်တုန်း ကတော့ စမတ်ဖုန်းတစ်လုံးမှ သီချင်းတစ်ပုဒ်ကိုသူငယ်ချင်း ၂ ယောက် Bluetooth Headphone ဖြင့် အတူတကွ နားထောင်ချင်ရင် Earbud တစ်ခု ကိုတစ်ယောက် အသုံးပြုမှသာအဆင်ပြေပါတယ်။ အခုတော့ Galaxy S8 မှ သီချင်းတစ်ပုဒ်ကို Bluetooth Headphone ၂ စုံဖြင့် သူငယ်ချင်း ၂ ယောက် နားဆင်နိုင်ပါပြီ။

Bluetooth 5.0 က စမတ်ဖုန်းနဲ့ Wireless Headphone တို့ ချိတ်ဆက်နိုင်တဲ့ အကွာအဝေးကိုလည်း တိုးမြှင့်ပေးတဲ့အတွက် Galaxy S8 ဖုန်းတစ်လုံးမှ သီချင်းတစ်ပုဒ်ကိုလူ ၂ ယောက် အခန်းတစ်ခုစီကနေ အတူတကွ နားဆင်နိုင် မှာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com