4/01/2017

♪ “KENBO Fly One” - Price 119,800 Ks ♫

Image may contain: phone

ဆန်းသစ်တဲ့ 3D အသံနည်းပညာတွေနဲ့ ဖန်တီးထားသော ဂီတသံစဉ်တွေကို နားထောင်မိတဲ့အခါမှာ ပုံမှန်နား ထောင်နေကြတဲ့အတိုင်းပဲဖြစ်နေ၍ ထူးခြားမှုမရှိဘူးဟူသောခံစားချက်ကိုကြုံတွေ့ဖူးကြမှာပါ။ ထိုသို့သော အခြေအနေဟာ ပုံမှန် 2D Audio စနစ်ဖုန်းများသည် စစ်မှန်သော 3D Audio ဂီတသံစဉ်များကို အပြည့်အဝ ထုတ်ဖော်ပေးနိုင်စွမ်းမရှိခြင်းကြောင့် ဖြစ်ပါ တယ်။

KENBO စမတ်ဖုန်းကထုတ်လုပ်ပေးထားသော Fly One ကတော့ Auro 3D Audio စနစ်ပါဝင်တဲ့အတွက် စစ်မှန်သော 3D ဂီတသံစဉ်များကို အပြည့်အဝထောက်ပံ့ ပေးထားမှာဖြစ်ပါတယ်။ ဂီတရုပ်ရှင်ဗီဒီယိုနှင့် ဂိမ်းများ အတွက် ပို၍အသက်ဝင်စေသော Auro 3D ကို Su- rround, Height နှင့် Overhead Ceiling ဆိုသော အသံ ၃ လွှာအတိုင်းပုံစံထုတ်ခဲ့ပြီး လမ်းကြောင်း တစ်ခုတည်းအပေါ်မှာသွားနိုင်သော အလျားလိုက်အလွှာ တစ်ခုအဖြစ် တည်ဆောက်ပေးထားပါတယ်။

ဖုန်းနဲ့မှ သီချင်းနားထောင်လိုသူများ အတွက်အရည်အသွေးကောင်းမွန်သော စပီကာနှစ်လုံးတပ်ဆင်ပေး ထား သောကြောင့် အသံပိုမိုကြည်လင်ပြတ်သားပြီး ပတ်ဝန်းကျင်တစ်ခုလုံးအသံ ဖြန့်ကြက်ပေးနိုင်သော Fly One ဟာ အကောင်း ဆုံးဖုန်းတစ်လုံးဖြစ်ပါတယ်။ စတိုင်အသစ်အဆန်းနဲ့ ဖုန်းပြောလိုသူများအတွက် Dual Sensor, Dual Side Operation စနစ်များပါဝင်လို့ ပုံမှန်အတိုင်းဖုန်းပြောနိုင်သလို ပြောင်းပြန် စတိုင်လည်း ဖုန်းလှည့်၍စကားပြော နိုင်ပါတယ်။ Fly One ရဲ့ မျက်နှာပြင် အရွယ်အစားကတော့ 5.5 inches ရှိပြီး ကြီးမားကျယ်ပြန့်ပါတယ်။ ဂိမ်း၊ အင်တာနက်များသုံးတဲ့အခါမှာ ရုပ်ထွက်ကောင်းစေဖို့ 1280x720 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ်

Quad-core 1.3GHz စွမ်းရည်ရှိသော CPU နှင့် RAM 2GB ပါဝင်သောကြောင့် ဖုန်းသုံးတဲ့အခါမှာ ပိုမို သွက်လက် မြန်ဆန်တဲ့ထိတွေ့မှုကို ရရှိမှာဖြစ်ပါတယ်။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ အနေဖြင့် 16GB ကိုထည့်သွင်းပေးထားကာ ဘက်ထရီမှာ 2500mAh ဖြစ်ပါ တယ်။


<Specification>

Network - GSM/WCDMA
Memory - 16GB
CPU - Quad Core 1.3GHz
Camera - 8MP
Screen - 5.5 inches
OS - Android OS, v6.0
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com