4/01/2017

♪ CDMA ဖုန်းတွေကို နံပါတ်တူ GSM နဲ့လဲပေးနေခြင်းမဟုတ် ♫


CMDA ဖုန်းတွေကို နံပါတ်တူ GSM ဖုန်းတွေနဲ့လဲပေးနေတာမျိုး မဟုတ်ဘဲ မိမိဖုန်းနံပါတ်နဲ့ အနီးစပ်ဆုံးဆင်တူတဲ့ ဖုန်းနံပါတ်တစ်ခုကို ထပ်ဆောင်းပေးတာဖြစ်တယ်လို့ MPT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

CDMA ဖုန်းကိုင်ဆောင်ထားသူတွေ အနေနဲ့ မှတ်ပုံတင်၊ CDMA ဖုန်းဆင်းမ်ကတ်ကိုပြမယ်ဆိုရင် မိမိ CDMA ဖုန်းနဲ့ အနီးစပ်ဆုံးတူတဲ့ ဖုန်းနံပါတ်တစ်လုံးကို အခမဲ့ရရှိမှာဖြစ်ပါတယ်။ “တချို့ဖုန်းတွေကျတော့ နံပါတ်တူတာရှိမယ်၊ တချို့နံပါတ်တွေကျတော့ နံပါတ်ကရောင်းထားပြီးသားဆိုတော့ အနီးစပ်ဆုံးတူတာ မျိုးပဲရမှာပါ၊ အခမဲ့ထပ်ဆောင်းထုတ်ပေးတာဖြစ်ပါတယ်” လို့ MPT ရဲ့တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီလိုလုပ်ဆောင်ပေးခြင်းကို နေရာကန့်သတ်မထားဘဲ နီးစပ်ရာ MPT Brand Shop တိုင်းမှာ ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ CDMA (450/ 800 MHz) မိုဘိုင်းဖုန်းသုံးစွဲသူတွေကို နံပါတ်တူ 3G/ LTE USIM Card တွေ အခမဲ့ထုတ်ပေးခြင်းကို မတ်လ ၂၀ ရက်ကနေ စတင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။




Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com