4/04/2017

♪ “Facebook က သူငယ်ချင်းများထံမှ အလှူငွေ တောင်းခံနိုင်တဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်း” ♫

Image may contain: 3 people, phone and text

Facebook ကသူငယ်ချင်းများထံမှ အလှူငွေ တောင်းခံနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေး လိုက် ပါတယ်။ စွမ်းဆောင်ချက်အသစ် ကအရေးပေါ် ဖြစ်ရပ်များနဲ့ အခြားအရေးကြီး ကိစ္စများအတွက် အလှူငွေများ ကောက်ခံနိုင်မှာ ဖြစ်ပါတယ်။

Facebook က ၂၀၁၅ ခုနှစ်မှာအကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းများ အတွက် အလှူငွေများကောက်ခံနိုင်တဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေးခဲ့ ပါတယ်။ အခုတော့ User တိုင်းအလှူငွေ ကောက်ခံနိုင်ပြီ ဖြစ်ပြီးလက်ရှိမှာ အမေရိကန်တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Facebook က အလှူငွေ ကောက်ခံနိုင်တဲ့ ကဏ္ဍ ၆ ခုကိုကန့်သတ်ထား ပါတယ်။ အဲဒါတွေကတော့ ပညာရေး၊ ကျန်းမာရေး၊ တိရိစ္ဆာန် ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ်များ၊ အရေးပေါ် အခြေအနေများ၊ နာရေးများ ဖြစ်ပါတယ်။

Pages နဲ့ အဖွဲ့အစည်းများအတွက် Facebook က Livestreams များမှာ Donate Button ကိုထည့်သွင်းပေး လိုက်ပါတယ်။ အလှူခံရတဲ့ အကြောင်း အရင်းကို Live ထုတ်လွှင့်နေစဉ်မှာပင် အလှူခံနိုင်မှာ ဖြစ်ပါတယ်။ Facebook က လက်ရှိမှာစမ်းသပ်တဲ့ အနေဖြင့် ဒီစွမ်းဆောင်ချက်ကိုထည့်သွင်းပေးနေ တာ ဖြစ်ပြီးအောင်မြင် ရင် အခြားနိုင်ငံများအတွက် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com