4/03/2017

♪ iPhone သမားတွေ မနာလိုဖြစ်စေမယ့် Galaxy S8 ရဲ့ အသံစွမ်းရည် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/https-2F2Fblueprint-api-production.s3.amazonaws.com2Fuploads2Fcard2Fimage2F4322772F15d1b93e-9dd8-49c7-81da-c0127e333dd4.jpg?fit=800%2C450&ssl=1

Samsung Galaxy S8 မှာ 3.5mm Headphone Jack တပ်ဆင်ထားပေမယ့် စတိုင်ကျကျ သီချင်းနားထောင်ချင်ရင် ကြိုးမဲ့ နားဆင်နိုင်တဲ့ နည်းလမ်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Samsung က Galaxy S8 နဲ့ S8 Plus စမတ်ဖုန်းများမှာ ပထမဆုံး အနေဖြင့် Bluetooth 5.0 ကို ထည့်သွင်းပေးလိုက်ပြီး Wireless Headphone ၂ စုံ သို့မဟုတ် Wireless Speaker ၂ စုံကို တစ်ပြိုင်နက် ထောက်ပံ့ပေးနိုင်ပါတယ်။

Bluetooth 4.2 နဲ့ နှိုင်းယှဉ်ရင် Bluetooth 5.0 ဟာ အကွာအဝေး အပိုင်းမှာ ၄ ဆ ၊ အမြန်နှုန်း အပိုင်းမှာ ၂ ဆ၊ အသံထုထည်အပိုင်းမှာ ၈ ဆ ပိုမို ကောင်းမွန်လာတယ်လို့ Bluetooth Special Interest Group (SIG) ကပြောပါတယ်။ SIG ဟာ Wireless Protocol များအတွက် စံနှုန်းများကို ဖန်တီး သတ်မှတ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

Bluetooth 5.0 ရဲ့ အရှေ့ကထွက်တဲ့ ဗားရှင်းများရဲ့ ဆက်သွယ်မှုဟာ အားနည်းချက်များ ရှိနေပြီး ဗားရှင်း အသစ်ကတော့ အလွန် အားကောင်းတယ်လို့ ပညာရှင်များက ပြောပါတယ်။ အရင်က စမတ်ဖုန်းတစ်လုံးမှ သီချင်း တစ်ပုဒ်ကို သူငယ်ချင်း ၂ ယောက် Bluetooth Headphone ကနေ အတူတကွ နားဆင်ဖို့အတွက် Earbud တစ်ခုကို တစ်ယောက် အသုံးပြုရတာ ဖြစ်ပါတယ်။

Bluetooth 5.0 ကတော့ Headphone ၂ စုံကို တစ်ပြိုင်နက် ထောက်ပံ့ပါတယ်။ ဒါ့အပြင် အခန်းတစ်ခုစီကနေ လူ ၂ ယောက် ဖုန်းတစ်လုံးမှ သီချင်းတစ်ပုဒ်ကို အတူတကွ နားဆင်နိုင်လာပါပြီ။



Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com