4/03/2017

♪ တူရိယာပစ္စည်း အမျိုး ၂၀ နဲ့ ဖန်တီးထားခဲ့တဲ့ Galaxy S8 ရဲ့ ဆင်ဖိုနီ Ringtone အကြောင်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/over_the_horizon17_music_video.jpg?fit=800%2C445&ssl=1

Huawei GR5 2015 မှာ တော်တော်လေး ကောင်းပြီး နားထောင်လို့လည်း ရတဲ့အပြင် Default Ringtone အနေနဲ့ သီချင်း ၄ ပုဒ် ပါဝင်လာခဲ့ပါတယ်။ အခု Samsung S8 မှာလည်း အလန်းစား Ringtone တစ်ခု ပါရှိလာခဲ့ပါတယ်။

ဆမ်ဆောင်း ရဲ့ Ringtone အမည် က Over The Horizon လို့ အမည်ရှိပြီး မူလ က 2016 Ringtone နေရာမှာ အစားထိုးအမှုထမ်း မှာ ဖြစ်ပါတယ်။ သီချင်း Type ကို ဆင်ဖိုနီတေးသွား လို့ အမှတ်သညာပြုကြပြီး Rock’nRoll, Orchestral နဲ့ တေးဂီတပုံစံအများအပြား ပေါင်းစပ်ထားတယ် လို့ ဆိုပါတယ်။ ဖုန်း စတင် တက်လာတဲ့အချိန်မှာ နဲ့ တခြားနေရာအတော်များများ အတွက် Over the Horizon ဟာ Default Ringtone အဖြစ် အမှုထမ်းခဲ့တာ ၆ နှစ်ရှိခဲ့ပါတယ်။ နှစ်စဉ်တိုင်းမှာ ကွဲပြားခြားနားတဲ့ ဂီတပုံစံအမျိုးမျိုး ကို နားဆင်ခဲ့ရပြီး အခု တစ်ခေါက် ၂၀၁၇ ခုနှစ်အတွက် ဖန်တီးခဲ့သူက ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဂီတပညာရှင်ကလေး ဖြစ်ပါတယ်။ Jacob လို့ ခေါ်ပါတယ်။

Jacob ဟာ Over the Horizon 2017 ကို မတူညီ၊ ကွဲပြားတဲ့ တူရိယာ အမျိုး ၂၀ နဲ့ ဖန်တီးခဲ့တာ ဖြစ်ပြီး Jazz, Pop စတဲ့ ဂီတပညာတွေ ပါဝင်ပြီး သူကိုယ်တိုင် ရိုက်ယူထားခဲ့တဲ့ ဗွီဒီယိုဖိုင် တစ်ခု အနေနဲ့ youtube ကိုလည်း လွှင့်ထုတ်ခဲ့ပါတယ်။




2017 Ringtone

2016 Ringtone
2015 Ringtone




Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com