Facebook ဟာ ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်တာနဲ့ အညီ
စွမ်းဆောင်ချက်များစွာ ပါရှိပါတယ်။ စွမ်းဆောင်ချက်များစွာ
ထည့်သွင်းထားတဲ့အတွက် မိုဘိုင်းဒေတာနဲ့ ဘက်ထရီကို အလွန် စားသုံးပါတယ်။
ဒီလို ဒေတာစားသုံးမှုကို လျှော့ချပေးဖို့အတွက် Facebook က Android နဲ့ iOS
App များမှာ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးထားပါတယ်။ ဒီ Tutorial မှာ
iOS Users များအတွက် မိုဘိုင်းဒေတာ သက်သာစွာဖြင့် Facebook အသုံးပြုနည်းကို
ဖော်ပြလိုက်ပါတယ်။
Auto-Play Video

Facebook က News Feed မှာ Auto-Play Videos များကို ပြသထားပါတယ်။ မိုဘိုင်းဒေတာ သက်သာစေချင်ရင် Auto-Play Video များ အလိုအလျှောက် ပြသနေမှုကို ပိတ်ထားနိုင်ပါတယ်။
• Facebook App ကိုဖွင့်ပြီး ညာဘက်အောက်ထောင့်မှ Menu ကို နှိပ်ပါ။
• အောက်ကို ဆင်းပြီး Settings> Account settings ထဲသွားပါ။
• Videos and photos ကို နှိပ်ပါ။
• Auto play မှာ ၀ိုင်ဖိုင်ဆက်သွယ်မှုနဲ့မှသာ ဗီဒီယိုများကို အလိုအလျှောက် ဖွင့်ပေးဖို့ သို့မဟုတ် လုံးဝ ပိတ်ထားဖို့ သတ်မှတ်နိုင်ပါတယ်။
HD Video & Photo

iOS Device ကနေ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Upload ပြုလုပ်လေ့ရှိသူများအတွက် Facebook App က HD Quality များဖြင့် တင်ပေးတဲ့အတွက် မိုဘိုင်းဒေတာများစွာ ကုန်ကျနိုင်ပါတယ်။ မိုဘိုင်းဒေတာ ကုန်ကျမှု သက်သာချင်ရင် HD Quality ဖြင့် တင်ခြင်းကို ပိတ်ပင်နိုင်ပါတယ်။
• Facebook Menu ကနေ Settings> Account settings ထဲသွားပါ။
• Videos and photos ထဲသွားပါ။
• Upload HD များကို Off လုပ်ပေးပါ။
Background Refresh

iOS Apps များရဲ့ ထူးခြားတဲ့ စွမ်းရည်က နောက်ကွယ်မှာ တိတ်ဆိတ်စွာ Update လုပ်နေခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်နေခြင်းမှာ သင် Apps များကို ဖွင့်ချိန်မှာ နောက်ဆုံးရ ဒေတာများကို ပြသပေးဖို့ ဖြစ်ပါတယ်။ နောက်ကွယ်မှာ အမြဲတမ်း Update လုပ်နေတဲ့ App များထဲမှာ Facebook က အကြိမ်အရေအတွက် အများဆုံးဖြစ်ပါတယ်။ ပြဿနာက Posts or Status များကို သင် မကြည့်လိုက်ရဘဲနဲ့ Facebook က ဒေတာများစွာ စားသုံးနေတာ ဖြစ်ပါတယ်။ Background Refresh ကို Facebook အတွက် ပိတ်ဖို့ အောက်ပါအတိုင်း ပြုလုပ်ပါ။
• iOS Settings ထဲသွားပါ။
• General ကို နှိပ်ပါ။
• Background app refresh ကို နှိပ်ပါ။
• Facebook ကို ရှာပြီး Off လုပ်ပါ။
WiFi Assist

iPhone များရဲ့ WiFi Assist စွမ်းဆောင်ချက်ဟာ အင်တာနက် ဆက်သွယ်မှု တည်ငြိမ်စေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ သင်ဟာ မတည်ငြိမ်တဲ့ ၀ိုင်ဖိုင် ကွန်ရက်ကို အသုံးပြုနေချိန်မှာ လိုင်းတည်ငြိမ်စေဖို့အတွက် WiFi Assist က သင့်ရဲ့ မိုဘိုင်းဒေတာနဲ့ အားဖြည့်ပေးပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ ကောင်းမွန်ပေမယ့် သင့် မိုဘိုင်းဒေတာကို စားစေပါတယ်။ WiFi Assist ကို ပိတ်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်ပါ။
• iOS Settings ထဲသွားပါ။
• Mobile Data ကို နှိပ်ပါ။
• အောက်ကို ဆင်းပြီး WiFi Assist ကို Off လုပ်ပါ။