4/01/2017

♪ Android မှာ မိုဘိုင်းဒေတာ သက်သာစွာဖြင့် Facebook အသုံးပြုနည်းများ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/maxresdefault-5.jpg?fit=800%2C450&ssl=1

Facebook ဟာ ကမ္ဘာအ၀န်းမှ လူများ စွဲစွဲလမ်းလမ်း အသုံးပြုနေကြတဲ့ လူမှုကွန်ရက် ဖြစ်နေပါပြီ။ Facebook မှာ စာသား အပြင် ဓါတ်ပုံ၊ ဗီဒီယို ၊ GIFs စတဲ့ မီဒီယာမျိုးစုံကို သင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook ဟာ သင့်ရဲ့ မိုဘိုင်းဒေတာကို လွန်စွာ စားသုံးတဲ့ App ဖြစ်ပါတယ်။ ဒီ Tutorial မှာ Android Users တို့အတွက် မိုဘိုင်းဒေတာ သက်သာစွာဖြင့် Facebook အသုံးပြုနည်းများကို ဖော်ပြလိုက်ပါတယ်။

App Settings




Facebook မှာ ဓါတ်ပုံနဲ့ ဗီဒီယိုများစွာကို Upload ပြုလုပ်သူများအတွက် ဒေတာ သက်သာစေတဲ့ နည်းလမ်းကို ကုမ္ပဏီက ပံ့ပိုးပေးထားပါတယ်။
• Facebook App ရဲ့ ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပြီး App Settings ထဲသွားပါ။
• “ Upload photos in HD “ နဲ့ “ Upload videos in HD “ ၂ ခုကို Disable or Off လုပ်ပါ။
• News Feed မှာ ဗီဒီယိုများ အလိုအလျှောက် ဖွင့်ခြင်းကို ပိတ်ဖို့ Auto-play ထဲသွားပြီး ၀ိုင်ဖိုင်ဆက်သွယ်မှုနဲ့မှသာ ဗီဒီယိုများ အလိုအလျှောက် ဖွင့်ပေးဖို့ သို့မဟုတ် ဗီဒီယိုများ အလိုအလျှောက် လုံးဝ မဖွင့်ပေးဖို့ ရွေးချယ်နိုင်ပါတယ်။
Data Saver Mode

Android အတွက် Facebook App မှာ ဓါတ်ပုံအရွယ်အစား လျှော့ချပေးခြင်းနဲ့ Auto-Play Video များကို ပိတ်ပေးတဲ့ Data Saver Mode ကိုလည်း ထည့်သွင်းထားပါတယ်။
• Facebook App ရဲ့ Menu ထဲသွားပါ။ အောက်ဆင်းပြီး Data Saver ထဲသွားပါ။
• Data Saver ကို On ပေးပါ။ ၀ိုင်ဖိုင်ဆက်သွယ်မှု ရရင် Data Saver ကို အလိုအလျှောက် Off ပေးဖို့လည်း သတ်မှတ်နိုင်ပါတယ်။
တစ်ခုမှတ်ထားရမှာက Data Saver ကို On ထားပေမယ့် “ Upload photos and videos in HD “ ကို Off ပြုလုပ်ထားခြင်း မရှိလျှင် HD Photos & Videos များကို Upload လုပ်မှာ ဖြစ်တဲ့အတွက် မိုဘိုင်းဒေတာ ကုန်ကျဦးမှာပါ။ အဲဒီအတွက် ၂ ခုစလုံးမှာ ဒေတာသက်သာစေမယ့် အထက် ဖော်ပြပါ Options များကို ရွေးချယ်သင့်ပါတယ်။

Protect Free VPN+Data Manager


စိတ်ဝင်စားစရာကောင်းတာက Facebook က ဒေတာသက်သာစေတဲ့ Third Party App တစ်ခုကို အသုံးပြုဖို့ အကြံပေးထားတာပါ။ Facebook Menu ကနေ Mobile data ထဲကို သွားရင် Protect App ကို အင်စတောလုပ်ဖို့ အကြံပေးထားပါတယ်။ Install Button ကို နှိပ်ရင် Play Store ကနေ အခမဲ့ ရယူနိုင်မှာပါ။ Play Store ကနေ အင်စတောပြုလုပ်မှုပေါင်း ၅ သန်းကျော်ရှိပြီး 4.3 Rating ရရှိထားတဲ့အတွက် စမ်းသပ်သင့်တဲ့ App ပါ။

Facebook Lite

Facebook က အင်တာနက်လိုင်း နှေးတဲ့ နိုင်ငံများအတွက် အဆင်ပြေပြီး မိုဘိုင်းဒေတာလည်း သက်သာစေတဲ့ Facebook Lite App ကို ဖန်တီးပေးထားပါတယ်။ Lite Version ဟာ မူလဗားရှင်းကို စွမ်းရည်လျှော့ချထားခြင်း ဖြစ်တဲ့အတွက် မူလဗားရှင်းလောက်တော့ စွမ်းဆောင်ချက်များ မပါပါဘူး။ ဒါပေမယ့် အရွယ်အစား သေးငယ်ပြီး လျှင်မြန်တဲ့အတွက် ဖုန်းအဟောင်းများနဲ့တောင် သုံးနိုင်ပါတယ်။ iOS အတွက်တော့ Lite Version ကို မဖြန့်ချီသေးပါဘူး။ Android အတွက် ထုတ်လုပ်ပေးထားတဲ့ Lite Version ကို စာရေးသူဖုန်းမှာ စမ်းသပ် အသုံးပြုကြည့်တဲ့ အခါမှာ မြန်မာစာ မမှန်သေးတာကို တွေ့ရပါတယ်။ ဒါပေမယ့် စာဖတ်သူတို့ ဖုန်းများမှာ မြန်မာစာမှန်နိုင်တဲ့အတွက် စမ်းသပ် သုံးကြည့်နိုင်ပါတယ်။





Credit to ==>> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com