4/05/2017

♪ “သင့်မျက်နှာကို Emoji အဖြစ် ပြောင်းပေးမယ့် App” ♫

Image may contain: one or more people and text

Memoji အမည်ရ App အသစ်ကသင့် ဓါတ်ပုံများနဲ့ Selfie Photo များကို Emoji အဖြစ် ပြောင်းလဲပေးနိုင် ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖြန့်ချိခဲ့တာ ဖြစ်ပြီးMemoji က သင့် Gallery မှ ဓါတ်ပုံများသာမက အသစ်ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံများကိုပါ Emoji အဖြစ် ပြောင်းပေးနိုင်ပါတယ်။ Memojiမှာ Emoji Filter များကိုဒေါင်းလုပ်ပြုလုပ်နိုင်တဲ့အတွက် Emoji အသစ်များကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

“ Emojis များကိုလူတွေ နေ့စဉ် စကားပြောရာမှာအသုံးပြုနေကြပြီး ကျွန်တော်တို့ရဲ့ စိတ်ခံစားမှု များကိုဖော်ပြနိုင်ပါတယ်။ အဲဒီအတွက် Emojis များကိုထူးခြားဆန်းသစ်စွာအသုံးပြုနိုင်အောင် လူတွေရဲ့ ဓါတ်ပုံများနဲ့ ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ လူတွေကEmojis များကိုပေးပို့ချင် ရုံသာမကသူတို့ ကိုယ်တိုင် Emojis ဖြစ်ချင်နေကြပါတယ်။ 


ဥာဏ်ရည်တု နည်းပညာကိုအလိုအလျောက် မောင်းနှင်တဲ့ ကားများ၊ ဒေတာခွဲခြမ်း စိတ်ဖြာခြင်းနဲ့ အခြား ကဏ္ဍများစွာမှာအသုံးပြုနေကြပြီး ကျွန်တော်တို့ကတော့ Emojisဖန်တီးတဲ့ နေရာမှာအသုံးပြုလိုက်တာပါ။ ကျွန်တော်တို့ရဲ့ Memoji ဟာစိတ်ခံစားမှုများကိုအဆုံးစွန် ဖော်ပြနိုင်တဲ့ App ဖြစ်ပါတယ်” လို့ Lightricks ရဲ့ Chief Marketing Officer ဖြစ်သူNirPochter က ပြောပါတယ်။ 


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com