Sillicon Power S102 Power bank တွင် အားသိုလှောင်သိမ်းဆည်းမှု ပမာဏအနေဖြင့်
12000mAh ထောက်ပံ့ပါဝင်ပြီး အမြင့်ဆုံး အရည်အသွေးရှိသော Li-Polymer
battery cells ဖြင့် ပြုလုပ်ထားသည်ဟု သိရသည်။
ကိုယ်ထည်၏ မျက်နှာပြင်နှင့် ကျောဘက်ကို ရော်ဘာအသားဖြင့် ပြုလုပ်ထားသည်။ အမည်းနှင့် အနီ၊ အဖြူ နှင့် မီးခိုးအရောင်နှစ်မျိုးတွဲကာ ဒီဇိုင်းပြုလုပ်ထားသည်။ 2.1 A output ဖြင့် Dual USB ports တပ်ဆင်ထားသည်။ Power saving Mode function ပါဝင်သည်။
အာမခံသက်တမ်းကို တစ်နှစ်ပေးထားပြီး တန်ဖိုး ၃၆,၄၀၀ ကျပ်ဖြင့် Golden Power Technology, ဖုန်း ၂၃၀၄၈၄၈၊ ၂၃၀၄၈၄၉ နှင့် ကွန်ပျူတာဆိုင်များ အများစု၌ ဝယ်ယူရရှိ နိုင်မည် ဖြစ်သည်။
Credit to ==> Internet Journal