တောရောမြို့ပါ Touch Screen ဟန်းဆက်များကို အသုံးပြုနေကြပြီး
ဟန်းဆက်အများစုဟာဈေးနှုန်း သင့်တင့်သော ဖုန်းများဖြစ်ပါတယ်။
သက်ဆိုင်ရာကုမ္ပဏီများသည်လည်း အခြေခံလူတန်းစားများ အတွက် ရည်ရွယ်၍
တန်ဖိုးနည်းပါးသော ဖုန်းများကို ထုတ်လုပ်ရောင်းချနေကြ ပါတယ်။ Samsung
သည်လည်း တစ်သိန်းဝန်းကျင်ရှိသော ဟန်းဆက်များ ကို ထုတ်လုပ်ပေးထားပါတယ်။
J Series ဟန်းဆက်များကို တန်ဖိုးအမျိုးမျိုး ဖြင့် ရောင်းချပေးထားပြီး လူကြိုက်များသော အမျိုးအစားဖြစ်ပါ တယ်။ J1 နှင့် J2 ဟာ အရည်အသွေးနှင့်ဈေးနှုန်းပိုင်းမှာ အလယ်အလတ် အဆင့်ရှိပါ တယ်။ J1 သည် 2G, 3G Network အထောက်အပံ့ကို ရရှိသုံးစွဲနိုင်ပါမယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 129 x 68.2 x 8.9mm ရှိကာ အလေးချိန်သည် 122g ဖြစ်ပါတယ်။ ဆင်းကတ် နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ အသုံးပြုရမယ့်ဆင်းကတ်အမျိုးအစား ကတော့ Micro Sim ပါ။
TFT Capacitive Touch Screen ရဲ့အကျယ်အ၀န်း ပမာဏကတော့ 4.3inches ဖြစ်ပြီး မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏမှာ 480 x 800 ပါ။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 217ppi ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုး အစားသည် Android version 4.4.4 ဖြစ်ပါတယ်။ ကင်မရာ နှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိကကင်မရာသည် 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ပါ။ ဗွီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်မှာ 720p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ပါ။
မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 512MB ထည့်သွင်းပေးထားပြီး ROM ကို 4GB ဖြစ်အောင် ဆောင်ရွက်ပေးထားပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့် Battery သည် Li-Ion 1850mAh ဖြစ်ပြီး စကားပြောဆိုဖို့ ၁၀ နာရီနီးပါး ခံနိုင်စွမ်းရှိပါ မယ်။
<Specification>
Network - GSM/HSPA
Screen - 4.3 inches
Memory - up to 128 GB
Bluetooth - v4.0
Camera - 5 MP
OS - Android OS, v4.4.4
Contact - 01-371923
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal