OPPO က တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် A33 ကို ပြသလိုက်ပါတယ်။ OPPO
A33 မှာ ငါးလက်မ qHD 960x540p Display တပ်ဆင်ထားပါတယ်။ 1.2GHz Quad-Core
Qualcomm Snapdragon 410 Processor မောင်းနှင် မှာဖြစ်ပါတယ်။
2GB RAM ထည့်သွင်းပေးထားတဲ့အတွက် Multitasking ပြုလုပ်ဖို့ ကောင်းမွန်ပါတယ်။ 16GB Storage ပါရှိပြီး microSD Card ဖြင့် Storage ကို ချဲ့ထွင်နိုင်ပါတယ်။ အနောက်ဘက်တွင် 8MP Camera နဲ့ အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါတယ်။ 2400mAh Battery က တစ်ခါအားသွင်းထားလျှင် ရှစ်နာရီကြာ ဖုန်းပြောနိုင်ပါတယ်။
microUSB 2.0 , GPS, Bluetooth 4.0, WiFi, 4G LTE တို့ကို ထောက်ပံ့ပါတယ်။ အနက်နဲ့ အဖြူရောင်များ ရွေးချယ်နိုင်ပြီး Android 5.1 Lollipop ကို ColorOS 2.1 နဲ့ပေါင်းစပ်ထားပါတယ်။ ဒေါ်လာ ၂၃၅ တန်ကြေးရှိပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal