12/01/2015

♪ LG က စွမ်းဆောင်ရည်သင့် Ray စမတ်ဖုန်းကို ပြသ ♫


LG က တန်ဖိုးနည်းစမတ်ဖုန်း ဈေးကွက်ကို အဓိကထားသော Ray X190 ကို မိတ်ဆက်လိုက်ပါသည်။ ၅.၅ လက်မ HD Display တပ်ဆင်ထားပါသည်။ Metallic Design ဖြစ်ပြီး ဖြုတ်တပ်နိုင်သော 3000mAh Battery ပါရှိပါသည်။ 1.4GHz Octa-Core Processor နှင့် 1GB RAM က မောင်းနှင်မည် ဖြစ်သည်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်သော်လည်း Full HD Display ကို အသုံးမပြုခြင်းနှင့် 1GB RAM သာပါရှိခြင်းက အားနည်းချက်ဖြစ်ပါသည်။

Volume Rocker ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ ဖုန်းကို Unlock ပြုလုပ်နိုင်သော Knock Code နှင့် ကင်မရာအတွက် Gesture Shot ဆော့ဝဲ စွမ်းဆောင်ချက်များ ပါရှိပါသည်။ Ray တွင် Android 5.1 ထည့်သွင်းထားပြီး အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 8MP Camera တပ်ဆင်ထားပါသည်။

LG Ray ကို အမေရိကန်တွင် ရောင်းချမည် မဟုတ်ဟု ယူဆရပါသည်။ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးသော်လည်း ဒေါ်လာ ၂၃၂ ၀န်းကျင် ကျသင့်မည်ဟု သတင်းများထွက်ပေါ်နေပါသည်။ ယခင် ဆိုဗီယက်နိုင်ငံများနှင့် လက်တင်အမေရိကားတွင် စတင် ရောင်းချမည် ဖြစ်သည်။ ငွေ၊ ရွှေ၊ အနက်ရောင် များ ရွေးချယ်နိုင်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com