12/01/2015

♪ အသက် ၁၂ နှစ်အရွယ် App Developer – Thomas Suarez ♫

app developer

လူတစ်ယောက် ထူးချွန်ထက်မြတ်တယ်ဆိုတာ အသက်ရွယ်နဲ့ မဆိုင်ပါဘူး။ အထူးသဖြင့် အိုင်တီနဲ့ နည်းပညာ ကဏ္ဍမှာ လူငယ်တွေရဲ့ စွန့်ဦးတီထွင်သူများကို ပိုမို မြင့်တွေ့ရမှာပါ။ ယင်းထဲမှာ တစ်ယောက် အပါအဝင် ကတေ့ ပုံမျာ မြင်တွေ့နေရတဲ့ အသက် ၁၂ နှစ်သာ ရှိသေးတဲ့ developer ဖြစ် ပါတယ်။ Thomas Suarez လို့အမည်ရပါတယ်။


တစ်ကမ္ဘာလုံးက လေ့လာစောင့်ကြည့်ရတဲ့ TED ရဲ့ စင်ပေါ်မှာ သူ့ရဲ့ အတွေးအမြင်နဲ့ အိုင်ဒီယာကို share သွားတဲ့ Thomas Suarez လို့ အမည်ရတဲ့ လူငယ်လေးဟာ အမေရိကန်ကပါ။ Python, Java နဲ့ C language တို့ကို ကိုယ်တိုင် စိတ်ပါဝင်စားလို့ လေ့လာသင်ယူခဲ့သူ ဖြစ်ပြီး အောင်မြင်တဲ့ iOS App နှစ်ခုထက် မက သူ ဖန်တီးနိုင်ခဲ့ ပါတယ်။ Apple Developer Tool Kit ကို သူ ဘယ်လို သုံးကြောင်း app ဖန်တီးဖို့ ဘယ်လို အိုင်ဒီယာရကြောင်းကိုလည်း ရှင်းပြ ပြောပြထား ပါတယ်။

သူ့အနေနဲ့ လက်ရှိမှာ သူ့လိုပဲ အသက် ၁၅ နှစ်အောက် ကလေးငယ်များကို Programing ပညာ ပြန်လည် သင်ကြားပေးလျက် ရှိပါတယ်။ လေးမိနစ်ဝန်းကျင်သာ ကြာတဲ့ သူ့ရဲ့ ဗီဒီယိုကို http://www.ted.com/talks/thomas_suarez_a_12_year_old_app_developer ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (MMAS)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com