10/09/2015

♪ “LG က Snapdragon 808 မောင်းနှင်တဲ့ Nexus 5X ကိုကြေညာ” ♫


LG က Google Nexus and Android Event မှာ Nexus 5X ကိုမိတ်ဆက် လိုက်ပါတယ်။ ၅.၂ လက်မ IPS LCD 1080p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၄ ဖြစ်ပါတယ်။ Gorilla Glass 3 ဖြင့် မျက်နှာ ပြင်ကိုကာကွယ်ထားပါတယ်။

Google က Nexus 5X မှာ Android 6.0 Marshmallow ကိုထည့်သွင်းပေးထား ပါတယ်။ Hexa-Core CPU Snapdragon 808 Chipset , 2GB RAM ပါရှိပါတယ်။ 16GB or 32GB Internal Storage များရွေးချယ် နိုင်ပါတယ်။ microSD Card Slot တော့ မပါရှိ ပါဘူး။ အနောက်ဘက်မှာ 12.3MP Camera တပ်ဆင်ထားပါတယ်။ ကင်မရာ ဟာ Optical Image Stabilization နည်းပညာမပါရှိပေမယ့် 2160p Video များကိုရိုက်ကူးနိုင်ပါတယ်။

LG က IR Laster အထောက်အကူပြု Autofocus နည်းပညာနဲ့ Dual Flash Setup ကိုထည့်သွင်းပေး ထားပါတယ်။ Nexus 5X ရဲ့ အရွယ် အစား အပြည့်အစုံဟာ 147 x 72.6 x 7.9mm ဖြစ်ပြီး ယခင်မျိုးဆက်ထက် အနည်း ငယ် ပါးလွှာပါတယ်။ ၁၃၆ ဂရမ် အလေးချိန် ရှိပြီး Nexus 5(2013) ရဲ့ ၁၃၀ ဂရမ် ထက် အနည်းငယ်ပိုမိုများပြားပါတယ်။ Fingerprint Scanner နဲ့ ပိုမိုကြီးမားတဲ့ 2700mAh Battery ကြောင့် အလေးချိန် တိုးလာတာဖြစ်ပါတယ်။

Nexus 5 မှာ 2300mAh Battery သာပါရှိခဲ့တာပါ။ အောက်ခြေမှာတော့ နောက်မျိုးဆက် microUSB Type-C Port ကိုတပ်ဆင်ပေးထားပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကြိုတင် မှာယူမှုများကို လက်ခံနေပြီဖြစ်ပြီး 16GB ကိုဒေါ်လာ ၃၇၉.၉၉ သတ်မှတ် ထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com