မေး -ဖန်တီးရာကပြုလုပ်တဲ့မဲပေးစို့ Hack Challenge မှာဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပုံ။
ဖြေ - ဖန်တီးရာက Facebook Page ကတင်ထားတာတွေ့လို့ ဝင်ပြိုင် ဖြစ်ခဲ့တာပါ။ အရင် Hackathonတွေထဲကဝင်ပြိုင်ချင်တာပါ။ အဲ့တုန်းက ကိုယ့်အရည်အချင်းကိုမယုံတာရယ်။ Team မရှိတာ ရယ်ကြောင့်မပြိုင်ဖြစ်ခဲ့ တာပါ။ ဒီတစ်ခေါက်မှာတော့ Hackathon ဝင်မယ်ဆိုပြီး ဝင်ဖြစ် ပါတယ်။ နောက်ပြီးရွေးကောက်ပွဲနဲ့ ဆိုင်တော့တစ်ခုခုလုပ်ပေးချင်တာကြောင့် ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။
မေး- အဖွဲ့ဝင်ဘယ်နှဦးနဲ့ Team popstackကိုဖွဲ့ထားပါသလဲ၊ အဖွဲ့ဝင် တွေနဲ့မိတ်ဆက်ပေးပါအုံး။
ဖြေ - ကျွန်တော်စစခြင်း register လုပ်တုန်းက team မရှိသေးပါဘူး။ ဖြိုးမင်းသူကလည်း ဝင်ပြိုင်မယ်လို့ပြောပါတယ်။ သူက iOS Developer ပါ။ သူ့သူငယ်ချင်းတွေလည်း ဝင်ပြိုင်မယ် ဆိုတာနဲ့Popstackကိုလုပ်ဖြစ်တာပါ။ ကျွန်တော်တို့ team မှာကျွန်တော်၊ ဖြိုးမင်းသူ၊ အောင်ကျော်ပိုင်၊ ရဲမင်းထွဋ်နဲ့ကောင်းမြတ်လွင်တို့ပါဝင်ပါတယ်။ အကုန်လုံးကျောင်းသား တွေပါပဲ။ ကျွန်တော်က KMD မှာ Business Information Technology တက်နေပြီးဖြိုးမင်းသူနဲ့ရဲမင်းထွဋ်က University of Information Technology ကပါ။အောင်ကျော်ပိုင်ကတော့ University of Yangon မှာ Computer Science တက်နေပါတယ်။
မေး - ဆုရခဲ့တဲ့ app ကိုဘယ်လိုစိတ်ကူးတွေနဲ့ရေးသားခဲ့ပါသလဲ။
ဖြေ - Team ဖွဲ့ပြီးပြီးချင်းတော်တော်ကြာတဲ့အထိ idea မရသေးပါဘူး။ မှတ်မှတ်ရရ တစ်နိုင်ငံလုံးမီးပျက်တဲ့နေ့မှာ ကျွန်တော်တို့ချိန်းမိရက်သား ဖြစ်သွားပါတယ်။ မီးမလာတော့ဘာမှ လုပ်မရတဲ့အတွက်စာရွက်တစ်ရွက် ယူပြီး UI အကြမ်းဆွဲဖြစ်ပါတယ်။ ၃၊၄မျိုးလောက်ဆွဲဖြစ်ပြီး တကယ်လည်း ၃ခုလောက်ရေးလိုက်ပြန်ဖျက်လိုက်လုပ်ပြီးဒီနောက်ဆုံး app idea ကို အတည်ယူလိုက်တာပါ။ UI/UX design ဆွဲတာတင်၁ပတ်လောက် ကြာသွား ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်တဲ့သတင်းအချက်အလက် တွေကိုအသုံးပြုသူတွေဆီကို နားလည်အလွယ်ဆုံး၊အရိုးရှင်းဆုံးဖြစ်အောင် လုပ်ပေးထားပါတယ်။
မေး - မဲစာရင်းနဲ့ပတ်သတ်တဲ့အချက်အလက်တွေရှာဖွေစုဆောင်းခဲ့ပုံ။
ဖြေ - မဲစာရင်းနဲ့ပတ်သက်တာတွေကိုဒီ UEC, The Asia Foundation, Open Myanmar Initiative အစရှိတဲ့ အဖွဲ့ အစည်းတွေကပဲရတာပါ။ ကိုယ်တိုင် မဲမပေး ဘူးတဲ့အတွက်ကိုယ်တိုင်အရင်နားလည်ဖို့ ဖတ်ရပါတယ်။ ပြီးတော့မှ မဲပေးတဲ့ စနစ်ကိုသေသေချာချာနားလည်တာပါ။ သတင်းအချက်အလက် တွေ အကုန်လုံးကတော့ ကျွန်တော်တို့လုပ်ထားတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကပံ့ပိုးထား တာဖြစ်ပါတယ်။
မေး- Team Popstackအနေနဲ့နောက်ထပ်ဘယ်လိုappတွေ ဖန်တီးဖို့ အစီအစဉ်ရှိပါသေးလဲ။
ဖြေ - Team အနေနဲ့နောက်ထပ် app တွေလုပ်ဖို့လည်းရှိပါတယ်။ ဘယ်လိုတွေလဲဆိုတာတော့ ထွက်လာမှပဲကြည့်ကြပါ ခင်ဗျာ။
မေး - ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ရင်းဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ ရပါသလဲ။
ဖြေ - အခက်အခဲကတော့အများကြီးမရှိပါဘူး။အချိန်မမှီမှာစိုးလို့ အကုန် မြန်မြန်လုပ်ခဲ့ရတာမျိုးပဲရှိပါ တယ်။နောက်ပြီး app ရေးရင်မသိတာတွေလည်း ရှိတော့လိုက်ရှာဖတ်ရတာနဲ့ အတွေ့အကြုံပိုရပါ တယ်။ မြန်မာစာယူနီကုတ်၊ ဇော်ဂျီအခက် အခဲကိုလည်းTechnomationကပေးတဲ့mmtext library ကြောင့် app ထဲမှာယူနီကုတ်၊ ဇော်ဂျီရွေးစရာမလိုဘဲ အကုန်မြင်ရအောင်၊ ရိုက်လို့ရအောင်လုပ်ပေးထားပါတယ်။
မေး-Android Appအနေနဲ့ပြည့်စုံတဲ့အခြေအနေကိုရောက်ပြီလား၊ iOS အတွက်ရောဘယ်တော့လောက် ရနိုင်မလဲ။
ဖြေ- တစ်ပတ်အတွင်းရမှာပါ။ဒါပေမဲ့iOS app ကို App Store က review လုပ်ဦးမှာဖြစ်တဲ့အတွက်ထွက်လာမယ့် နေ့ကိုအတိအကျပြောလို့မရပါဘူး။
မေး- mVoterapp ဟာသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုဘယ်လောက် အတိုင်းအတာထိမှန်ကန် တိကျနိုင်မလဲ။
ဖြေ - mVoter app ကအသုံးပြုထားတဲ့အချက်အလက်တွေအကုန်လုံးကို ရွေးကောက်ပွဲကော်မရှင် နဲ့တခြားအဖွဲ့ အစည်းတွေကပေးတဲ့ data တွေ ယူသုံးထားတာပါ။ တိကျမှန်ကန်မှုကမူရင်း data source ပေါ်မှာပဲ မူတည် ပါတယ်။
မေး - mVoter app ကိုဘယ်မှာဒေါင်းလုပ်စ်ပြုလုပ်လို့ရနိုင်မလဲ။
ဖြေ - mVoter App ထွက်လာတဲ့အခါကြရင် Android App ကို Play Store, Dinga Store အစရှိတဲ့ store တွေမှာ အပြင် direct link ပါတင်ပေးသွား မှာပါ။ iOS App ကိုတော့ App Store ကနေရယူနိုင်မှာဖြစ်ပါတယ်။
မေး - ပထမဆုရသွားတဲ့အပေါ်ခံစားချက်။
ဖြေ - အရမ်းပျော်ပါတယ်။ပထမဆုကိုမမှန်းထားပါဘူး။နောက်ပြီး ကျွန်တော် တို့ App ကိုဒိုင်တွေက ရိုးရှင်းတာရယ် iOS/ Android platform နှစ်ခုရတာ ရယ်ကြောင့်ရွေးချယ်လိုက်တယ်လို့သိရတဲ့အတွက် ကျွန်တော်တို့နဂိုရည်ရွယ် ချက်နဲ့လည်း ကိုက်ညီတဲ့အတွက်ပိုပျော်ပါတယ်။
မေး-Team Popstackကိုလူငယ်တွေနဲ့ပဲဖွဲ့ထားတယ်လို့သိရပါတယ်. ဒါကြောင့်ပရိုဂရမ်မင်းကိုစိတ်ဝင်စား တဲ့ လူငယ်တွေအတွက်စကား လက်ဆောင်လေးပြောပေးပါဦး။
ဖြေ - Programming ကအရမ်းမခက်ပါဘူး။ စိတ်ဝင်စားရင်လူတိုင်း သင်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ပညာမဆိုအချိန် တစ်ခုတော့ပေးရပါလိမ့်မယ်။ ကျွန်တော်ကတော့ Online Tutorial တွေနဲ့ Android ကိုသင်ခဲ့တာပါ။ ကျန်တဲ့အဖွဲ့ဝင် တွေကတော့ သင်တန်းတွေတက်ခဲ့တာပါ။ နောက်ပြီး အကုန်လုံးကကျောင်းသားတွေဖြစ်ပေမယ့် part time အလုပ်လုပ် နေကြတဲ့ အတွက် အတွေ့အကြုံတွေရ ရှိခဲ့ပါတယ်။
(Team Popstack ကိုယ်စားအဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုမြတ်မင်းစိုးနှင့် တိုက်ရိုက်မေးမြန်းထားခြင်းဖြစ် သည်။)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal