4/05/2017

♪ " Synaptics မှ ပိုမိုကောင်းမွန်သော Fingerprint Sensor အား မိတ်ဆက် " ♫

No automatic alt text available.

စမတ်ဖုန်း၏ display ထဲတွင် ထည့်သွင်းတည်ဆောက်နိုင်သော Fingerprint sensor များကို လာမည့်နှစ်စမတ်ဖုန်းများတွင် စတင်မြင်တွေ့ရနိုင်ကြောင်း သိရသည်။ Synaptics သည် Fingerprint sensor နည်းပညာကို Android ဖုန်းထုတ်လုပ်သူများထံ ထောက်ပံ့မှုပေးနေပြီး ထိုအထဲတွင် Samsung ကဲ့သို့ ကုမ္ပဏီကြီးများပါ ပါဝင်ခဲ့သည်။

အဆိုပါ Sensor အသစ်သည် ဖန်သားပြင်အောက်တွင်ထားနိုင်သလို ကြွေနှင့်ပေါ်လီမာတို့အောက်၌လည်း ထားနိုင်ကြောင်းသိရသည်။ ထို့အပြင် ယခု sensor အသစ်အား ဖုန်း၏ ကျောဘက်၊ ရှေ့ဘက်၌သာမက ဘေးဘက်များတွင်လည်းထားနိုင်ပြီး လေးထောင့်၊ အ၀ိုင်း နှစ်သက်ရာပုံကို ဖန်တီးနိုင်မည်ဟု ဆိုသည်။ ဖိအားကိုလည်းသိနိုင်ပြီး ဘေးသို့ပွတ်ဆွဲခြင်းကိုလည်းသိနိုင်ကြောင်း သိရသည်။ ထို feature အသစ်များကြောင့် ဖုန်းထုတ်လုပ်သူများသည် Fingerprint sensor ကို အလွယ်တကူပေါင်းထည့်ပေးနိုင်မည်ဖြစ်ကာ အနာဂတ်အတွက် နည်းပညာအသစ်ဖြစ်လာခဲ့သည်။

Galaxy S8 တွင် ရှေ့ဘက်ဖန်သားပြင်များပြားသဖြင့် Fingerprint sensor ကို နောက်သို့ရွှေ့ပြောင်းခဲ့ရသည်။ Synaptic ၏နည်းပညာကိုသာ ရရှိသုံးစွဲနိုင်ခဲ့လျှင် ထိုကဲ့သို့ပြဿနာများ အနာဂတ်တွင် ကြုံတွေ့ရန် မရှိတော့ပေ။ Apple ၏ Touch ID sensor မှာ AuthenTec ကိုဝယ်ယူရင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး ၄င်းတွင်လည်း ထိုကဲ့သို့ sensor မျိုးရှိလာနိုင်ကြောင်း မျှော်လင့်ထားကြသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com