4/01/2017

♪ " OPPO F3 Plus " Price - 599,000 Ks (Gold) ♫

Image may contain: phone

OPPO ရဲ့ Selfie ဘုရင် အဆင့်မြင့်ဖုန်း series ထဲကို နောက်ထပ်အရည်အသွေးမြင့်စမတ်ဖုန်းတစ်လုံး ထပ်မံရောက်ရှိလာပါပြီ။ ၄င်းကတော့ OPPO F3 Plus မော်ဒယ်ဖြစ်ပြီး ၄င်းရဲ့ရည်ရွယ်ချက်တွေထဲမှာ အကောင်းတကာ့အကောင်းဆုံး Selfie ဓာတ်ပုံတွေကို ရိုက်ဖို့အတွက်ကတော့ ထိပ်ဆုံးကပါပဲ။ ရိုးရိုး Selfie ဓာတ်ပုံတွေတင်မကပဲ Group selfie တွေကိုပါ အလှပဆုံး၊ ပြီးပြည့်စုံဆုံးဖြစ်အောင် ရိုက်ပေးနိုင်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုလို့ပြောနိုင်ပြီး ကင်မရာအရည်အသွေးကောင်းမွန်ခြင်းအပြင် ဒီဇိုင်းပုံစံလှပခြင်း၊ စက်စွမ်းဆောင်ရည်မြင့်မားခြင်းနဲ့ ဘက်ထရီစွမ်းအားပြည့်ဝခြင်းတွေကလည်း နောက်ထပ်အားသာချက်တွေ ပဲဖြစ်လို့ လူတိုင်းကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။

လှပသေသပ်တဲ့ဖုန်းကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားတဲ့အတွက် ကိုယ်ထည်က တောင့်တောင့်တင်းတင်း ရှိပြီး hand-fit/finger-fit micro-arc frame က လက်ထဲကနေ ဖုန်းမတော်တဆလွတ်ကျမသွားအောင် အကောင်းဆုံးကာကွယ်ထားပါတယ်။ ဖုန်းရဲ့နောက်ကျောဘက် aluminium alloy မှာ အင်တာနာ ၆ ကြိုးကို မြင်တွေ့ရပြီး အရှေ့ဘက်မျက်နှာပြင် 2.5D Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားလို့ မျက်နှာပြင်ပေါ်မှာ အစင်းရာတွေမဖြစ်စေနိုင်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်သလို ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 163.63 x 80.8 x 7.35 mm ရှိပြီး 185g လေးပါတယ်။ ၄င်းကို GSM, HSPA နဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်းထည့်သုံးနိုင်တဲ့ Dual SIM tray လည်းပါရှိပါတယ်။


အထဲမှာ Android 6.0 (Marshmallow) ကိုအခြေခံထားတဲ့ Color OS 3.0 UI ကို run ထားပြီး ၄င်း UI ပုံစံက သုံးရတာပိုမိုဆန်းသစ်မှုရှိတဲ့အပြင် အရင် Color OS 2.0 system speed က 25 ရာခိုင်နှုန်းလောက် ပိုမြန်လာပါတယ်။ ဒါတင်မကသေးပဲ Home Screen Loading Speed က 35 ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပြီး Apps တွေကို Installation လုပ်တဲ့နှုန်းကလည်း 41 ရာခိုင်နှုန်းခန့် ပိုမိုလျင်မြန်မှုရှိတာကို တွေ့ရပါတယ်။ နောက်ဘက်မှာ run နေတဲ့ background apps တွေကို အလိုအလျောက်စီမံခန့်ခွဲပြီး ဘက်ထရီစားသုံးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။


၎င်း OS မှာပါရှိတဲ့ Privacy Protection စနစ်က ဘယ် contacts တွေ၊ apps တွေနဲ့ ဘယ်ဖိုင်တွေကိုမဆို လုံခြုံစွာသိမ်းဆည်းပေးထားနိုင်တဲ့အပြင် Avast virus scanner လည်းပါရှိပါသေးတယ်။ အရှေ့ဘက်မျက်နှာပြင်ရဲ့ Home button မှာ Front-facing Lightning-fast Fingerprint Sensor ကို ထည့်ပေးထားပြီး ၄င်းက 0.2 second အတွင်းမှာ ဖုန်းကို unlock လုပ်ပေးနိုင်သလို Customized Fingerprint-activated App Launch မှတစ်ဆင့် ကိုယ်အသုံးများတဲ့ apps တွေကို ချက်ချင်းဖွင့်တာတွေနဲ့ ကိုယ်ခေါ်ချင်တဲ့ဖုန်းနံပါတ်တွေကို တန်းခေါ်ပေးနိုင်တာတွေကို ပြုလုပ်ထားလို့ရပါတယ်။


ကင်မရာစွမ်းအားပိုင်းမှာ အနောက်ကင်မရာက 16MP နဲ့ f/1.7 aperture စွမ်းအားရှိပြီး Expert Mode, Ultra HD, Double Exposure နဲ့ Super GIF ဆိုတဲ့ functions တွေကို ထောက်ပံ့ထားပါတယ်။ ၄င်းရဲ့ အဓိကအားသာချက်ဖြစ်တဲ့ အရှေ့ကင်မရာကိုတော့ 16MP + 8MP Dual Front Selfie Camera စနစ်ကိုသုံးထားပြီး ရိုးရိုး Selfie ဓာတ်ပုံတွေရိုက်ဖို့အတွက် 16MP နဲ့ f/2.0 aperture စွမ်းအားတွေနဲ့တင် အလွန်အဆင်ပြေပြီး Group Selfie ဓာတ်ပုံတွေရိုက်ဖို့အတွက်ကတော့ 6P, 8MP နဲ့ 120-degree wide angle က အဆင်ပြေပါတယ်။


ဒါ့အပြင် ၄င်းအရှေ့ကင်မရာမှာ Beautify 4.0, Selfie Panorama, Screen Flash, Palm Shutter နဲ့ Filters ဆိုတဲ့ Modes တွေလည်း ပါရှိပါသေးတယ်။ ဒါကြောင့် တခြားဖုန်းတွေနဲ့မတူညီတဲ့ အလှပဆုံး Selfie ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရရှိနိုင်မှာပါ။ OPPO ရဲ့ Selfie Camera နည်းပညာတွေက တဖြည်းဖြည်းပိုမိုအဆင့်မြင့်မားလာပြီး သုံးစွဲရတာလည်း အလွန်အဆင်ပြေတာကို တွေ့ရပါတယ်။ ၄င်း OPPO F3 Plus ကို ခန့်ညားထည်ဝါတဲ့ ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီသည့် သစ်လွင်တောက်ပတဲ့ ရွှေရောင်လေးကို ဈေးကွက်ထဲမှာ ဝယ်ယူနိုင်ပါပြီ။

* Battery Life *

ဘက်ထရီစွမ်းအားအနေနဲ့ ထောက်ပံ့ထားတဲ့ Non-removable Li-Po 4000mAh battery က တစ်နေ့တာဖုန်းသုံးစွဲဖို့ လုံလောက်တဲ့စွမ်းအားတွေကိုပေးနိုင်ပြီး VOOC Flash Charger က 5 မိနစ်လောက်အားသွင်းရုံနဲ့ 2 နာရီခန့်ဖုန်းပြောနိုင်တဲ့ ဘက်ထရီစွမ်းအားကို ရရှိနိုင်မှာပါ။

* Design *

OPPO F3 Plus မှာ Premium ဖုန်းတစ်လုံးမှန်းသိသာစေတဲ့ အသွင်အပြင်တွေရှိပြီး တည်ဆောက်ပုံဒီဇိုင်းပုံစံကလည်း သေသပ်လှပပါတယ်။ နောက်ကျောဘက် aluminium alloy နဲ့ အရှေ့ဘက်မျက်နှာပြင်က သစ်လွင်တောက်ပပြီး အကြမ်းခံနိုင်တဲ့အပြင် လက်ထဲမှာကိုင်တွယ်ရတာ ပါးလွှာမှုလည်းရှိပါတယ်။

* Processor *

F3 Plus မှာ RAM 4GB ပါရှိတဲ့ Qualcomm MSM8976 Pro Octa-core 1.95GHz processor နဲ့ Adreno 510 GPU တို့က ဖုန်းစွမ်းဆောင်ရည်ပိုင်းကို ဟန်ချက်ညီညီနဲ့ အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေက လျင်မြန်တိကျပြီး နောက်ဆုံးပေါ်ဖုန်းတွေနဲ့ apps တွေအကုန်လုံးကို အသုံးပြုနိုင်ပါတယ်။

* Display and Camera *

6 လက်မအကျယ်ရှိတဲ့မျက်နှာပြင်ကို JDI INCELL touchscreen display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ ထည့်သွင်းထားတဲ့ ကင်မရာတွေကလည်း အလွန်သုံးစွဲလို့ကောင်းမွန်ပြီး နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားပါတယ်။

* Verdict *

OPPO F3 Plus ဟာ အဆင့်မြင့်စမတ်ဖုန်းအမျိုးအစားထဲမှာပါရှိပြီး ၄င်းရဲ့အားသာချက်တွေက လူအများလိုချင်ကြတဲ့အချက်တွေပဲဖြစ်လို့ ကြိုက်နှစ်သက်ကြမှာ အသေအချာပါတယ်။ Selfie ချစ်သူတွေ ကတော့ မဖြစ်မနေဝယ်ယူထားသင့်တဲ့ အရည်အသွေးမြင့်စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။



Specification
» Network : 2G, 3G, 4G (Dual nano-SIM)
» Weight : 185g (With Battery)
» Display : 6", JDI INCELL FHD capacitive touchscreen
Corning Gorilla Glass 5
» Dimensions : 163.63 x 80.8 x 7.35 mm
» Memory : 4GB RAM, 64GB (microSD card up to 256GB)
» Camera : 16MP, Dual PDAF, SONY IMX 398 Sensor,
Front : 16MP, 8MP - 120° wide angle
» Connectivity : GPS, WLAN, Bluetooth 4.1, OTG
» OS : Android OS 6.0 (Marshmallow), ColorOS 3.0
» Chipset : Qualcomm MSM8976 Pro (Octa-core 1.95GHz)
» GPU : Adreno 510 GPU

Contact Phone - 09-453492457
OPPO Showroom (Corner of 15st street and Mahar Bandula Street)

Price - 599,000 Ks (Gold)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com