4/06/2017

♪ ကင်မရာ လေးခုနဲ့ 10 CPU cores ပါဝင်တဲ့ Alcatel Flash စမတ်ဖုန်းသစ် ♫


အရှေ့ဘက်နဲ့ ကျောဘက်မှာ ကင်မရာနှစ်ခုစီ ပါဝင်တဲ့ Flash စမတ်ဖုန်းသစ်ကို Alcatel က ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။

ကျောဘက်ကင်မရာ နှစ်ခုမှာ 13-megapixel sensor တွေပါဝင်ပါတယ်။ တစ်ခုက monochrome ဖြစ်ပြီး တစ်ခုက RGB ပါ။ RGB lens က LG G6 မှာပါဝင်တဲ့ sensor အတိုင်းတူညီပြီး Sony IMX258 ကို အသုံးပြုထားပါတယ်။ ကင်မရာနှစ်ခုစလုံးမှာ f/2.0 lens တွေပါဝင်ပြီး 4K ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။

အရှေ့ဘက်မှာတော့ 8MP ကင်မရာတစ်ခုနဲ့ 5MP ကင်မရာတစ်ခု ပါဝင်ပါတယ်။ နှစ်ခုစလုံးက f/2.0 ဖြစ်ပါတယ်။ အရှေ့ဘက်နဲ့ ကျောဘက်မှာ dual tone LED flash တွေ ပါဝင်ပါတယ်။



Display က ၅.၅ လက်မ FullHD IPS ပါ။ Chipset က MediaTek Helio X20 ဖြစ်ပြီး deca-core CPU တစ်ခုနဲ့အတူ 2xCortex-A72 ပါဝင်ပါတယ်။ RAM က 3GB ဖြစ်ပြီး internal storage က 32GB ပါ။ ဘက်ထရီကတော့ 3,100mAh ဖြစ်ပါတယ်။

ကျောဘက်မှာ fingerprint sensor တစ်ခုပါဝင်ပြီး USB-C port, dual SIM support, FM radio receiver တို့နဲ့ သုံးနိုင်ပါတယ်။ LTE, Wi-Fi b/g/n, Bluetooth v4.1, GPS, GLONASS အထောက်အပံ့တွေလည်း ပါဝင်ပါတယ်။
ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။



Credit to ==>> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com