
Xiaomi က iPhone 8 မိတ်ဆက်ပွဲ မတိုင်ခင်
တစ်ရက်အလိုမှာ Mi Mix 2 ကို မိတ်ဆက်ခြင်းဖြင့် Apple ကို
တိုက်ရိုက်စိန်ခေါ်လိုက်ပါတယ်။ Mi Mix 2 ဟာ ယခင် မျိုးဆက်လိုပဲ Full Screen
Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် Mi Mix 2 ဟာ
ယခင်မျိုးဆက်ထက် Specifications အပိုင်းမှာ အဖက်ဖက်က တိုးတက်လာမှာ
ဖြစ်ပါတယ်။
ဒီနေ့ခေတ်
စမတ်ဖုန်းများရဲ့ အဓိက Trend မှာ မျက်နှာပြင်ဘေးဘောင်များကို
တတ်နိုင်သလောက် ပါးလွှာအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Samsung
Galaxy S8 နဲ့ LG G6 တို့က Full Screen Display များဖြင့် အရှေ့ဆုံးက
ဦးဆောင် ပွဲထွက်လာပါတယ်။ Mi Mix 2 ဟာ ယခင်မျိုးဆက်ထက် Full Screen Display
အပိုင်းမှာ ပိုမို ကောင်းမွန်လာမှာ သေချာပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့
သတင်းများအရ Mi Mix 2 မှာ Qualcomm Snapdragon 836 Chipset, Android 8.0
Oreo တို့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Mi Mix 2 ကို ဘေဂျင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့တွင်
မိတ်ဆက်မှာ ဖြစ်ပါတယ်။ Apple ဟာ တရုတ်မှာ လူကြိုက်နည်းလာပြီး
ဖောက်သည်များကို စွဲဆောင်နိုင်ဖို့ iPhone 8 မှာ ထူးထူးခြားခြားလုပ်ပြဖို့
လိုအပ်နေပါတယ်။ iPhone Fans များဟာ ညီးငွေ့လာပြီး အခြား ဘရန်းနဲ့ OS
များကို ပြောင်းလဲ အသုံးပြုချင်လာပုံပေါ်ပါတယ်။
Xiaomi ဟာ Apple ကို တုပရာမှာ အလွန် နာမည်ကြီးပြီး
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရောင်းချတဲ့ သူ့ရဲ့ ထုတ်ကုန်များက
သက်သေပြနေပါတယ်။ ရှောင်မီရဲ့ ထုတ်ကုန်များဟာ အချိန်နဲ့အမျှ အရည်အသွေး
မြင့်မားလာပေမယ့် လူကြိုက်များမှု အပိုင်းမှာ Apple ကို မယှဉ်နိုင်သေးပါဘူး။
တရုတ်နိုင်ငံပြင်ပမှာ ရှောင်မီရဲ့ စမတ်ဖုန်း အသစ်မထွက်မီ တစ်ပတ်လောက်
အလိုမှာ ၀ယ်ယူဖို့ စီတန်းနေခြင်းမျိုးကို သင် မြင်တွေ့မှာ မဟုတ်ပါဘူး။
အနာဂတ်မှာလည်း ဒီအတိုင်းပဲ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ရှောင်မီရဲ့
စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများဟာ ဈေးနှုန်းချိုသာမှုအပိုင်းမှာ
အခြားဘရန်းများထက် သာလွန်နေပါတယ်။
ရှောင်မီဟာ တရုတ် ကုမ္ပဏီ ဖြစ်တဲ့အတွက် တရုတ်မှာတော့
Mi Mix 2 ဟာ Apple ထက် ရောင်းအားကောင်းနိုင်ပါတယ်။ တရုတ်ဟာ လူဦးရေ အရ
ကမ္ဘာ့ အကြီးမားဆုံး စမတ်ဖုန်း ဈေးကွက်ရှိပါတယ်။
Xiaomi Mi Mix 2 ဟာ Apple iPhone 8 ထက်
လူကြိုက်များမယ်လို့ စာဖတ်သူ ထင်ပါသလား ? iPhone 8 အသစ်ကပဲ အခြား စမတ်ဖုန်း
ထုတ်လုပ်သူများကို ထုံးစံအတိုင်း ကျော်ဖြတ်သွားမလား ? ဒါမှမဟုတ် အခြား
Full Screen Smartphone များဖြစ်တဲ့ Samsung Galaxy S8 နဲ့ LG G6 တို့ကို
ရွေးချယ်မလားဆိုတာ စာဖတ်သူများ မှတ်ချက်ပြုသွားနိုင်ပါတယ်။