
နည်းပညာကလည်းတိုးတက်ပြောင်းလဲလာတာတစ်ဟုန်ထိုးပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကနဲ့အခုနဲ့တောင် မတူတော့ပါဘူး။ ကျွန်တော်တို့ အဘိုးတို့၊အဖေတို့ခေတ်နဲ့ယှဉ်ရင်တော့ ပိုပြီးတော့တောင်အံ့သြဖို့ ကောင်းနေပါဦးမယ်။ ၁၉၆၉ခုနှစ်တုန်းက အမေရိကန်တွေက လကမ္ဘာ ပေါ်ကိုပထမဆုံးရောက်ခဲ့တဲ့သူတွေပါ။လပေါ်ကိုပထမဆုံးခြေချခွင့် ရခဲ့တဲ့လူသားကတော့ Neil A. Armstrong ပေါ့။ လပေါ်ကိုလူသားတွေ Apollo 11 ယာဉ်နဲ့အတူဆင်းတက်ခဲ့တုန်းကသုံးခဲ့တဲ့ကွန်ပျူတာထက်ကျွန်တော် တို့လက်ထဲမှာရှိတဲ့ဖုန်းကတွက်ချက်နိုင်တဲ့စွမ်းရည်အများကြီးပိုမိုမြင့်မားပါတယ်။ အခုခေတ်လူငယ်တွေအတွက်တော့ခနော်နီခနော်နဲ့ ကွန်ပျူတာ လေးနဲ့လကမ္ဘာသွားခဲ့တဲ့သူတွေအကြောင်းကြားရင်တအံ့တသြဖြစ်နေဦး မလားမသိဘူး။
iPhone X ထွက်တော့အခုခေတ်ကလေးတွေ ကျောက်ကပ်ဖြုတ် ရောင်းမယ်၊ ဘာဖြစ်တယ်၊ညာဖြစ်တယ်ဆိုပြီး Facebook ပေါ်မှာ အော်နေကြတာတွေ့တော့ကျွန်တော်တောင် နည်းနည်းရယ်ချင်သွားတယ်။ ကျွန်တော်တို့ ကျောင်းသားဘ၀ကဆို ပိုက်ဆံသုံးဆယ့်ငါးသိန်း လောက်မရှိရင် ဟန်းဖုန်းကိုင်လို့ရတာ မဟုတ်ဘူး။ ပြီးရင်လည်းဖုန်းပြောတာနဲ့Message ပို့တာနဲ့နှစ်မျိုးပဲလုပ်လို့ရတာ။ပျင်းရင်တော့ သီချင်းလေး ဘာလေးနားထောင်ပေါ့။ဖုန်းကင်မရာတွေဆိုတာကလည်းအရမ်း အကောင်းကြီးမဟုတ်ဘူး။ပါတယ်ဆို ရုံပဲထည့်ထားပေးတာ။
တကယ်တော့ပထမဆုံးမိုဘိုင်းဖုန်းကို အမေရိကန်နိုင်ငံမှာ၁၉၈၃ခုနှစ်တုန်းကစပြီး ရောင်းချခဲ့တာပါ။ အဲဒီလိုစရောင်းတဲ့အချိန်တုန်းက ဈေးက တစ်လုံးကိုဒေါ်လာလေးထောင်ပါတဲ့။ ဦးဦးဖျားဖျားနည်းပညာပစ္စည်းတွေ အကုန်လုံးက ဈေးများတတ်တာကတော့သဘာဝပါပဲ။အခုiPhone X ကမှ256GBကို ဒေါ်လာ၁၂၀၀ လောက်ပဲရှိတာ။မျက်စိမှိတ်ပြီးဝယ်လိုက် ဟိုခေတ်တုန်းကထက်အများကြီးပို တန်တယ်။
iPhone ဆိုတာနဲ့ထပ်ပြီးတော့ ပြောရဦးမယ်။စတိဂျော့ပ်လက်ထက်တုန်း ကဆို Apple ကတကယ့်ကို Innovative ဖြစ်တာ။ Apple ထုတ်လိုက်ပြီ ဆိုတာနဲ့ကျန်တဲ့ Brand တွေအကုန်လုံးအငြိမ်ပဲ။Apple Store တွေမှာ တန်းစီပြီးဝယ်ဖို့စောင့်နေတဲ့လူတန်းတွေဆိုတာလည်းနည်းတာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ iPhone နဲ့ဒီပြင်ဖုန်းတွေဆိုတာက အဲဒီအချိန်တုန်းကအကွာကြီးကိုး၊၊တင်ကွတ်လက်ထက်ရောက်တော့ Apple ကအရမ်းကြီးမဆန်းသစ်တော့သလိုပေါ့။ နောက်ပိုင်းမျိုးဆက်iPhone တွေမှာနည်းပညာအပြောင်းအလဲတွေ ရှိလာပေမယ့်ဆန်းသစ်တီထွင်မှုကတော့နည်းသွားပါတယ်။ အခုဆိုရင်နည်းပညာနယ်ပယ်ကလူတွေ
ကတောင် iPhone ကိုဂျင်းဖုန်းရယ်လို့ ပြောနေတဲ့အသံ တွေကြားနေရ
ပါပြီ။ဒါပေမယ့် iPhone ကို လျှော့မတွက်ပါနဲ့။ iPhone ရဲ့ရောင်းအား
က၂၀၁၂ခုနှစ်မှာတစ်ရက်ကိုအလုံးရေ ၃၄၀၀၀၀ ရောင်းချခဲ့ ရပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်ခဲ့ဖူးတဲ့Bill
Gates ကိုတော့သိ မှာပါ။ Apple ရဲ့iPhone ရောင်းချမှုကMicrosoft
ရောင်းချနေတဲ့အရာ အားလုံးထက် ရောင်းအားမြင့်မားခဲ့ပါတယ်။အဲဒီအချိန်တုန်းကiPhone တွေကတကယ့်ကိုရွှေထီးဆောင်းခဲ့တာပါ။အဲဒီအရှိန်အ၀ါအခုအချိန်အထိမပျောက်သေးပါဘူး။ နောက်ပြီးအဲဒီအချိန်တုန်းကဒေါ်လာ၁၅သန်း တန်လောက် တန်တဲ့ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5 တစ်လုံးဆိုတာ ရှိသေးတယ်။သူ့ကိုယ်ထည်ကို၁၃၅ဂရမ်လေးတဲ့ ရွှေ၂၄ကာရက်နဲ့ လုပ်ထားတာ။ နောက်ပြီးပန်းသီးပုံလိုဂိုမှာလည်းစိန်အဖြူအလုံး၆၀၀ လောက်ပါသေးတယ်။
အဲဒီလိုပြောလိုက်လို့ iPhone ကိုဖုန်းလောကရဲ့ဘုရင်လို့ထင်သွားဦးမယ်။ တကယ်တော့တစ်ချိန်က ဖုန်းလောကရဲ့တကယ့်ဘုရင်ကြီးကNokia ဗျ။ဟိုတုန်းကလူဆယ်ယောက်ရဲ့လက်ထဲကိုကြည့်လိုက်ရင် ရှစ်ယောက် လောက်က Nokia ကိုင်ထားတာ။Nokia ကလည်းတန်ဖိုးသင့်တဲ့ ဟန်းဆက်တွေကနေ၊ တန်ဖိုးမြင့်ဟန်းဆက်တွေအထိအမျိုးမျိုးထုတ်တယ်။လူတိုင်းကလည်း
Nokia မှNokia ပဲ။Nokia ကထုတ်တဲ့ ဖုန်းတွေက လည်းအကြမ်းခံသလားမမေးနဲ့။
ပြုတ်ကျလို့ကာဗာတွေကျွတ်၊ ဘက်ထရီတွေ ထွက်သွား ရင်တောင်မှ ပြန်ကောက်ဆက်လိုက်ရင် ဖုန်းချက်ချင်းပြန်ဆက်လို့ရတယ်။ ဘက်ထရီကလည်း တစ်ရက်ခွဲ ၊နှစ်ရက် လောက်အသာလေးခံတယ်။
နောက်ပြီးသူ့ကိုအဲဒီအချိန်တုန်းက iPhone လိုပဲကိုယ်ပိုင်OS နဲ့မောင်း တာ။Symbian OS လို့ခေါ်တယ်။ နောက်ပိုင်းNokia ကျရှုံးခဲ့ရတဲ့ အကြောင်းအရင်းတွေထဲမှာဒီSymbian
OS ကလည်းတစ်စိတ်တစ်ပိုင်း ပါမယ် ထင်တယ်။ Touchscreen တွေ Android တွေ
ခေတ်စားလာတဲ့ အချိန်မှာသူတို့ရဲ့OS ကိုခေါင်းမာမာနဲ့ထပ်သုံးတယ်။ပိုပြီးဆိုးသွားတာက အခြေအနေမဟန်မှန်းလည်းသိရောMicrosoft နဲ့ပေါင်းပြီး Window ဖုန်းတွေသွားထုတ်တာပါပဲ။အဲဒီမှာလည်းထပ်ကွဲတာပေါ့။ ဒါပေမယ့် Nokia ကိုသွားနောက် လို့မရပါဘူး။ Nokia 1100 ဆိုတဲ့ဖုန်းကကမ္ဘာ့ဈေးကွက်မှာ အလုံးရေသန်း၂၅၀အထိရောင်းချခဲ့ ရတဲ့ဖုန်းအဖြစ်မှတ်တမ်းဝင်ထား ပါတယ်။ဒါကဖုန်းလောကမှာတင်မဟုတ်ပါဘူး။အီလက်ထရောနစ်ပစ္စည်း ဈေးကွက်သမိုင်းမှာလည်းအများဆုံး ရောင်းချခဲ့ရတဲ့တစ်ခုတည်းသော ပစ္စည်းဆိုလည်းမမှားပါဘူး။
မင်းသုခ
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
iPhone X ထွက်တော့အခုခေတ်ကလေးတွေ ကျောက်ကပ်ဖြုတ် ရောင်းမယ်၊ ဘာဖြစ်တယ်၊ညာဖြစ်
တကယ်တော့ပထမဆုံးမိုဘိုင်းဖု
iPhone ဆိုတာနဲ့ထပ်ပြီးတော့ ပြောရဦးမယ်။စတိဂျော့ပ်လက်ထ
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး
အဲဒီလိုပြောလိုက်လို့ iPhone
နောက်ပြီးသူ့ကိုအဲဒီအချိန်တ
မင်းသုခ
Mobile Guide Journal (Every Monday)
https://www.facebook.com/