
ရှောင်မီက ယခုနှစ် ဇူလိုင်လမှာ Mi Mix 2 
စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ရှောင်မီက 32GB Storage ပါတဲ့ Mi 
Max 2 Model ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ မူလမော်ဒယ်မှာတော့ 64GB 
Internal Storage ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ မော်ဒယ် ၂ မျိုးရဲ့ 
အခြား Specifications များမှာ တူညီကြပါတယ်။ 
Xiaomi
 Mi Max 2 မှာ ၆.၄ လက်မ 2.5D Curved Glass Display တပ်ဆင်ထားပြီး Qualcomm 
Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM ,  5300mAh 
Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ QuickCharge 3.0 
နည်းပညာ ပါပါတယ်။  Mi Max 2 ဟာ ဘက်ထရီအပိုင်းမှာ အလွန် ကောင်းမွန်ပါတယ်။ 
တစ်နာရီ အားသွင်းရင် သုံးပုံပုံနှစ်ပုံ အားပြည့်တယ်လို့ ရှောင်မီက 
ပြောပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ 
အနောက်ဘက်မှာ 12 Megapixel Camera တပ်ဆင်ထားပြီး Mi
 6 ရဲ့ ကင်မရာနဲ့ တူညီပါတယ်။ ဒါပေမယ့် Mi Max 2 မှာ အနောက်ကင်မရာ တစ်လုံးသာ
 ပါပါတယ်။ Sony ရဲ့ IMX386 Sensor ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို 
အနောက်ဘက်မှာ တပ်ဆင်ထားပြီး စတီရီယို စပီကာ နှစ်ခုနဲ့ USB Type-C Port 
ပါပါတယ်။ 
မော်ဒယ်အသစ်ကို အိန္ဒိယမှာ ဒေါ်လာ ၂၃၅ သတ်မှတ်ထားပြီး
 မြန်မာငွေ ၃ သိန်း ၀န်းကျင်ကျသင့်နိုင်ပါတယ်။ အခုဆိုရင် Mi Max 2 အတွက် 32
 or 64 or 128GB Model များကို ရွေးချယ်နိုင်ပါပြီ။