
နာမည်ကြီးဟန်းဆက်များရဲ့ ဈေးနှုန်းတန်ဖိုးဟာ ကျပ် ၁၀ သိန်း ၀န်းကျင် ရှိတာကြောင့် လူတိုင်းကိုင်ဆောင်အသုံးပြု ဖို့ မလွယ်ကူလှပါဘူး။ လူတိုင်း ကိုင်ဆောင်အသုံးပြုနိုင်မယ့်
 ဟန်းဆက်များဟာ သောင်းဂဏန်းဝန်းကျင် (သို့) တစ်သိန်းဝန်းကျင် ရှိမှသာ 
အဆင်ပြေစေမှာဖြစ်ပါတယ်။ ထို့ကြောင့် လည်း မိုဘိုင်းဖုန်းအမှတ်တံဆိပ်များ မည်မျှပင်ပေါများပါစေ၊ ဖုန်းတံဆိပ် အများစု ဟာ လူတန်းစားမျိုးစုံကိုင်ဆောင် သုံးစွဲနိုင်မယ့်
 ဟန်းဆက်များကို မပါမဖြစ် တီထွင်ထုတ်လုပ်ထားကြပါတယ်။
အဆိုပါဟန်းဆက် များရဲ့ စွမ်းရည်များဟာ ပေးချေရတဲ့တန်ဖိုးနှင့် ညီမျှမှုရှိအောင် သင့်တင့်သော အနေအထားများသာဖြစ်ပါတယ်။ ဈေးနှုန်း သက်သာသော ဟန်းဆက်များ ကို ထုတ်လုပ်သည့်ကုမ္ပဏီအများစုဟာ တရုတ်နိုင်ငံအခြေစိုက်ဖြစ်ပါ
 တယ်။ အခြားနိုင်ငံများတွင် အခြေစိုက်လုပ်ဆောင်သော ဖုန်းတံဆိပ်များ လည်း 
ရှိပါသေးတယ်။ ဖုန်းတံဆိပ်များစွာထဲကမှ  Singtech ဟာ လူတန်းစားမျိုးစုံ 
အသုံးပြုနိုင်မယ့် ဟန်းဆက်များကို အများအပြား ထုတ်လုပ်ပေးထားပါတယ်။ 
Singtech ရဲ့ ဟန်းဆက်အချို့ဟာ နှစ်သောင်း ၀န်းကျင်ခန့်သာရှိပြီး၊ 
အချို့ဖုန်းတွေကတော့ တစ်သိန်းခွဲ (သို့) တစ်သိန်း 
ခြောက်သောင်းဝန်းကျင်သာရြှိ ကပါတယ်။
 တစ်သိန်း ကျော် ဟန်းဆက်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော ဖုန်းကတော့ 
Singtech P10 ဖြစ်ပါတယ်။ Singtech P10 ရဲ့ ဖုန်းပုံသဏ္ဌာန်ဟာ လေးထောင့် 
ကျကျရှိပြီး၊ ထောင့်စွန်းများတွင် အ၀န်းအ၀ိုက်ပုံစံဖြစ်ပါတယ်။  Home Button ကို ဆလင်ဒါပုံစံ တည်ဆောက်ပေးထားပြီး၊ အဓိက, ကင်မရာ ကိုတော့ အနောက်ဘက်ထိပ်ဘက်ထောင့်တွင် 
 ထည့်သွင်းပေးထားပါ တယ်။ အဓိက, ကင်မရာ၏ဘေးဘက်တွင် Flash မီးပါရှိပါတယ်။ 
ဖုန်း၏ အနောက်ဘက်တွင် အပေါ်နားနှင့် အောက်နားများ၌ မျဉ်းနှစ်ကြောင်းဖြင့် 
လည်း ဒီဇိုင်းဆင်ထားပါသေးတယ်။
 
P10 ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5.7 inches ရှိခြင်းကြောင့် ကြီးမားကျယ်ပြန့်သော Screen Size ကို ပိုင်ဆိုင်ထားသည့် ဖုန်းအမျိုး အစားဖြစ်ပါတယ်။ ထို့ကြောင့် မျက်နှာပြင်ကြီးမားသော ဟန်းဆက်များကို အသုံးပြုချင်သူများ ရွေးချယ်သင့်ပါတယ်။ P10 ကို ကြည့်ရှုအသုံးပြုသည့် အခါတွင် ကြည်လင်ကောင်းမွန်သော ပုံရိပ်များ ပေးစွမ်းနိုင်ရန်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 720x1280 ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစား ပမာဏကတော့ 163.2x81.2x7.7 mm ဖြစ်ပါတယ်။ ထောက်ပံ့ပေးမယ့် Network အမျိုးအစားကတော့ GSM နဲ့ WCDMA ပါ။ ဟန်းဆက်တစ်လုံးတွင် ဆင်းကတ်ထည့်သွင်းအသုံးပြုနိုင် မှုအပိုင်းဟာလည်း အရေးပါလှပါတယ်။ အခုနောက်ပိုင်းတွင် သုံးစွဲသူ များဟာ ဆင်းကတ်နှစ်ကတ်အသုံးပြုနိုင်မယ့်
 ဟန်းဆက်များကိုသာ ကြိုက်နှစ်သက်ကြပါတော့တယ်။ ထို့ကြောင့်လည်း ဖုန်း 
ထုတ်လုပ်သော ကုမ္ပဏီများဟာ အသစ်ထွက်သမျှသော ဟန်းဆက်တိုင်းကို Dual SIM 
အမျိုးအစား ဟန်းဆက်ဖြစ်အောင် စီမံထုတ်လုပ်ပေးလာကြပါတယ်။ P10 ဟာလည်း 
ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါ တယ်။ ထို့ကြောင့် 
သုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းနဲ့ ပတ်သက်၍ 
ဖုန်းအသုံးပြုမှုများကို ခွဲခြားထားနိုင်သလို ဒေတာအသုံးပြု သည့်အခါတွင်လည်း 
ကြိုက်နှစ်သက်သော အော်ပရေတာကို ရွေးချယ် သုံးစွဲနိုင်ပါတယ်။
 
P10 တွင် ကင်မရာနှစ်မျိုး နှစ်စားပါရှိပြီး အဓိက,ကင်မရာဟာ 13MP ဖြစ်ပါတယ်။ ထို့ကြောင့် ခရီးသွားသည့်အခါ အမှတ်တရပုံများရိုက်ကူး သည့်အခါတွင် ပုံထွက်ကောင်းအောင် ထောက်ပံ့ပေးနိုင်မယ့်ဖုန်ြး ဖစ်ပါ
 တယ်။ ရှေ့ကင်မရာငယ်မှာလည်း 5MP စွမ်းရည်ရှိသောကြောင့် Selfie ရိုက်ကူးသည့်
 အခါတွင် အဆင်ပြေစေပါလိမ့်မယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် ROM 16GB နှင့် 
RAM 1GB ထည့်သွင်းပေးထားပါတယ်။ ဆက်သွယ်မှုအပိုင်းအတွက် USB, Wi-Fi နှင့် 
Bluetooth တို့လည်း ပါရှိပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ 
Android MarshMallow ဖြစ်ပါတယ်။ CPU စွမ်းရည်ဟာ Quad Core 1.3GHz 
ဖြစ်ခြင်းကြောင့် ဖုန်းအသုံးပြုတဲ့အခါတွင် ကောင်းမွန်သည့် 
တုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။ အားသွင်းအသုံးပြုရမယ့် 
ဘက်ထရီအမျိုးအစားမှာ 2800mAh ဖြစ်ပါတယ်။ အရောင်ရွေးချယ်နိုင်ရန်အတွက်
 ရွှေနဲ့ အနက် ဆိုပြီး နှစ်မျိုးရှိပါတယ်။ P10 ရဲ့ ဈေးနှုန်းတန်ဖိုးမှာ 
၁၃၅,၀၀၀/- ကျပ် ၀န်းကျင် ရှိပါတယ်။ ကျပ် ၁၆၀,၀၀၀/- ၀န်းကျင် တန်ဖိုးရှိသော 
Singtech ဖုန်းတစ်လုံးကတော့ iNote 2 ပါ။ iNote 2 ရဲ့ မျက်နှာပြင် 
အကျယ်အ၀န်း ဟာ 5.5 inches ရှိပြီး၊ 13MP နှင့် 5MP စွမ်းရည်ရှိသော 
ကင်မရာနှစ်မျိုး ပါရှိပါတယ်။ CPU ကတော့ 4 x Cortex A53 1.3 GHz ပါ။ RAM 3GB
 နှင့် ROM 16GB ထည့်သွင်းပေးထားပါတယ်။ Android 6.0 အသုံးပြုနိုင် မယ့် 
iNote 2 ရဲ့ ဘက်ထရီအမျိုးအစားကတော့ 3300mAh ဖြစ်ပါတယ်။
 
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အဆိုပါဟန်းဆက် များရဲ့ စွမ်းရည်များဟာ ပေးချေရတဲ့တန်ဖိုးနှင့် ညီမျှမှုရှိအောင် သင့်တင့်သော အနေအထားများသာဖြစ်ပါတယ်။ ဈေးနှုန်း သက်သာသော ဟန်းဆက်များ ကို ထုတ်လုပ်သည့်ကုမ္ပဏီအများစုဟ
P10 ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5.7 inches ရှိခြင်းကြောင့် ကြီးမားကျယ်ပြန့်သော Screen Size ကို ပိုင်ဆိုင်ထားသည့် ဖုန်းအမျိုး အစားဖြစ်ပါတယ်။ ထို့ကြောင့် မျက်နှာပြင်ကြီးမားသော ဟန်းဆက်များကို အသုံးပြုချင်သူများ ရွေးချယ်သင့်ပါတယ်။ P10 ကို ကြည့်ရှုအသုံးပြုသည့် အခါတွင် ကြည်လင်ကောင်းမွန်သော ပုံရိပ်များ ပေးစွမ်းနိုင်ရန်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 720x1280 ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစား ပမာဏကတော့ 163.2x81.2x7.7 mm ဖြစ်ပါတယ်။ ထောက်ပံ့ပေးမယ့် Network အမျိုးအစားကတော့ GSM နဲ့ WCDMA ပါ။ ဟန်းဆက်တစ်လုံးတွင် ဆင်းကတ်ထည့်သွင်းအသုံးပြုနု
P10 တွင် ကင်မရာနှစ်မျိုး နှစ်စားပါရှိပြီး အဓိက,ကင်မရာဟာ 13MP ဖြစ်ပါတယ်။ ထို့ကြောင့် ခရီးသွားသည့်အခါ အမှတ်တရပုံများရိုက်ကူး သည့်အခါတွင် ပုံထွက်ကောင်းအောင် ထောက်ပံ့ပေးနိုင်မယ့်ဖုန်ြး
Mobile Guide Journal (Every Monday)
https://www.facebook.com/