Xiaomi က အိန္ဒိယမှာ ကျန်းမာကြံ့ခိုင်ရေး အထူးပြု
စမတ်လက်ပတ်များကို ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ အခုတော့ ရှောင်မီက
အိန္ဒိယရဲ့ နာမည်ကျော် မင်းသား Hrithik Roshan ရဲ့ HRX နဲ့ ပူးပေါင်း၍
Xiaomi Mi Band HRX Edition အမည်ရ စမတ်လက်ပတ်ကို ဖန်တီးလိုက်ပါတယ်။ သူဟာ Mi
Band 2 ရဲ့ မော်ဒယ်တစ်ခုလည်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သူ့ကို
Mi.com နဲ့ Mi Home Offline Stores များကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မှာ Myntra, Flipkart, Amazon တို့မှာ ၀ယ်ယူနိုင်မှာ
ဖြစ်ပါတယ်။
Mi
Band HRX Edition ကို ရူပီး ၁၂၉၉ (ဒေါ်လာ ၂၀ ၀န်းကျင်) သတ်မှတ်ထားတဲ့အတွက်
မူလ Mi Band 2 ထက် အနည်းငယ် များပြားပါတယ်။ သူ့မှာ အချိန်၊ လမ်းလျှောက်တဲ့
ခြေလှမ်းများ၊ ကယ်လိုရီလောင်ကျွမ်းမှု ပမာဏကို ပြသပေးတဲ့ OLED Display ၁ ခု
တပ်ဆင်ထားပါတယ်။ Pedometer ကို အဆင့်မြှင့်ထားတဲ့ အတွက် ခြေလှမ်းများနဲ့
လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို တိုင်းတာရာမှာ ပိုမို တိကျလာပါတယ်။
သူ့ကို Android Smartphone နဲ့ ကြိုးမဲ့ ချိတ်ဆက်ထားနိုင်ပြီး စမတ်ဖုန်းမှ
Notifications များကို စမတ်လက်ပတ်မှာ ပြသပေးပါတယ်။ ဖုန်းကို Unlock
လုပ်ဖို့ စမတ်လက်ပတ်ကို အသုံးပြုနိုင်ပါတယ်။ သူ့မှာ Bluetooth 4.0 ပါပြီး တစ်ခါအားသွင်းထားရင်
၂၃ ရက် အသုံးခံပါတယ်။ Mi Band 2 က ရက် ၂၀ သာ အသုံးခံပြီး ရူပီး ၁၉၉၉
တန်ကြေးရှိပါတယ်။