9/12/2017

♪ iPhone ကို ၉ ကြိမ် အားသွင်းပေးမယ့် နေရောင်ခြည် စွမ်းအင်သုံး Power Bank ♫


စမတ်ဖုန်းများရဲ့ အားနည်းချက်ကတော့ ဘက်ထရီ သက်တမ်းဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေ့စဉ် အားသွင်းပေးနေရခြင်း ဖြစ်ပြီး သွားလေရာ အားသွင်းနိုင်မယ့် Power Bank များကိုလည်း ဖန်တီးရောင်းချလာခဲ့ပါတယ်။ 

အခုလည်း ထူးခြား ဆန်းသစ်တဲ့ Power Bank တစ်ခုထွက်ပေါ်လာပါတယ်။ သူ့ရဲ့ အမည်ကတော့ Solar Juice 26 800mAh External Solar Battery ဖြစ်ပါတယ်။ သူဟာ နေရောင်ခြည်ကနေ အလိုလို အားဖြည့်နိုင်တဲ့ ဘက်ထရီ ဖြစ်ပါတယ်။ သူက iPhone 7 Plus ကို ၉ ကြိမ် အားသွင်းပေးနိုင်ပါတယ်။ 

Solar Juice မှာ USB Ports ၂ ခု၊ USB-C Port ၁ ခုနဲ့ micro-USB Port ၁ ခု တပ်ဆင်ထားပါတယ်။ အဲဒီအတွက် သူက စမတ်ဖုန်း ၊ တက်ဘလက်များကို တစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ ဘက်ထရီဟာ မာကျောကြံ့ခိုင်ပါတယ်။ သူက မိုးရေစိုခံနိုင်ပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တုန်ခါမှုဒဏ်ကိုလည်း ခံနိုင်ရည် ရှိပါတယ်။ 

မကြာခဏ ခရီးသွားသူများအတွက် Solar Juice က အသုံးဝင်ပါတယ်။ သူ့မှာ Maximum Brightness, Low Brightness, Strobe နဲ့ SOS စတဲ့ Modes ၄ ခုပါတဲ့ ဓါတ်မီးလည်း ပါရှိပါတယ်။ သူ့ကို ၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၁၃၅ ၀၀၀ တန်ကြေးရှိပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com