Google က အောက်တိုဘာလ ၄ ရက်နေ့မှာ ပွဲတစ်ခု ကျင်းပ၍
 ထုတ်ကုန်အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်များထဲမှ Pixel 2 
နဲ့ Pixel 2 XL စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များနဲ့ ဓါတ်ပုံများ 
အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ 
Pixel
 2 ကို HTC က ဖန်တီးပေးထားပြီး အပြာ၊ အနက်၊ အဖြူရောင်များ 
ထုတ်လုပ်ပေးထားပါတယ်။ 64GB နဲ့ 128GB Storage များ ရွေးချယ်နိုင်ပြီး ၆၄၉ 
ဒေါ်လာနဲ့ ၇၄၉ ဒေါ်လာ အသီးသီး တန်ကြေးရှိပါတယ်။ LG က ဖန်တီးပေးထားတဲ့ Pixel 2
 XL အတွက် အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 64GB နဲ့ 128GB 
Storage များ ရွေးချယ်နိုင်ပြီး ၈၄၉ ဒေါ်လာနဲ့ ၉၄၉ ဒေါ်လာ အသီးသီး ကျသင့်မှာ 
ဖြစ်ပါတယ်။ 
စမတ်ဖုန်းများရဲ့ Specifications များကိုတော့ 
မသိရသေးပါဘူး။ စမတ်ဖုန်းများအပြင် Pixelbook Laptop , Google Home Mini 
Smart Speaker , Daydream 2 VR Headset များရဲ့ သတင်းအချက်အလက်များလည်း 
ပေါက်ကြားထွက်ပေါ်လာပါတယ်။ Google ရဲ့ထုတ်ကုန် အသစ်များကို Google Store ကနေ
 ရောင်းချပေးမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း အသစ်များကိုတော့ အောက်တိုဘာလ ၄ 
ရက်နေ့မှာပဲ ရောင်းချပေးမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။