အူရီဒူး၏
ဝန်ဆောင်မှုကို အသုံးပြုသူအားလုံးအတွက် သောကြာနေ့တွင် ဖုန်းငွေဖြည့်တိုင်း
အပိုငွေဖြည့် လက်ဆောင် 50% အထိ ရရှိမည့် ပိုမိုကောင်းမွန်လာသည့်
သောကြာနေ့အထူးပရိုမိုးရှင်း အစီအစဉ်ကို 2017 ခုနှစ်၊ စက်တင်ဘာလ 15 ရက်နေ့ (သောကြာနေ့) မှစတင်ပြီး ခဲခြစ်ငွေဖြည့်ကတ်ဖြင့်ဖြစ် စေ၊ Easy Top Up ဖြင့်ဖြစ်စေ ဖုန်းငွေဖြည့်သည့် အူရီဒူးသုံးစွဲသူများအားလုံးအနေဖြင့် ချက်ခြင်းအပိုငွေဖြည့်လက်ဆောင်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါငွေဖြည့်လက်ဆောင်များ ကို အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်း၊ သုံးသလောက်ပေး အင်တာနက်အသုံးပြုခြင်းတို့ကို တနင်္ဂနွေနေ့ သန်းခေါင်ယံမတိုင်မီ သုံးရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အူရီဒူးသုံးစွဲသူများအနေဖြင့်
1000 ကျပ်မှ 2999 ကျပ်အတွင်း ဖြည့်သွင်းပါက 15% (Easy Top Up) ၊ 10%
(ငွေဖြည့်ကတ်) ရရှိမည်ဖြစ်ပြီး 3000 ကျပ်မှ 4999 ကျပ်အတွင်း ဖြည့်သွင်းပါက
30% (Easy Top Up) ၊ 15% (ငွေဖြည့်ကတ်) ရရှိမည်ဖြစ်ကာ 5000 ကျပ်နှင့်အထက်
ဖြည့်သွင်းပါက 50% (Easy Top Up) ၊ 25% (ငွေဖြည့်ကတ်) ရရှိနိုင်မည်
ဖြစ်ပါသည်။
အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ ကျွန်မတို့အနေဖြင့် အကောင်းဆုံးသောဝန်ဆောင်မှုကို ကမ်းလှမ်းပေးနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို အမြဲတမ်းလေ့လာလျက်ရှိနေပါတယ်။ ဒါကြောင့် သောကြာနေ့တိုင်းငွေဖြည့်လေ့ ရှိတဲ့ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ သောကြာနေ့အထူးငွေဖြည့်လက်ဆောင်အစီအစဉ်ကို ကမ်းလှမ်းပေးတာဖြစ်ပါတယ်။ ခဲခြစ်ငွေဖြည့်ကတ်နဲ့ဖြစ်ဖြ စ်၊ Easy Top-Up နဲ့ ငွေဖြည့်ဖြည့် ဖုန်းငွေဖြည့်ပြီး အူရီဒူးအသုံးပြုသူများအားလုံး အူရီဒူး၏ ကြည်လင်ပြတ်သားသည့်အသံနှင့်
အမြန်ဆန်ဆုံးသော အင်တာနက်ကွန်ရက်ကို ပျော်ရွှင်နှစ်သက်စွာ
အသုံးပြုနိုင်ဖို့အတွက် 50% အထိ အပိုငွေဖြည့်လက်ဆောင်ကို
ရရှိနိုင်မှာပဲဖြစ်ပါတယ် ” ဟု ပြောကြားလိုက်သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
အူရီဒူးသုံးစွဲသူများအနေဖြင
အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ ကျွန်မတို့အနေဖြင့် အကောင်းဆုံးသောဝန်ဆောင်မှုကိ
NetGuide Journal (Every Wednesday)
https://www.facebook.com/