
ရုရှား ကုမ္ပဏီ Caviar ဟာ စွမ်းဆောင်ရည်မြင့် 
စမတ်ဖုန်းများရဲ့ ကိုယ်ထည်ကို ရွှေ၊ တိုက်တေနီယမ်နဲ့ အခြား သတ္တုများဖြင့် 
ဖန်တီး ရောင်းချတဲ့အတွက် နာမည်ကြီးပါတယ်။ အခုလည်း မကြာမီက ကြေညာခဲ့တဲ့ 
iPhone X, iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ တန်ဖိုးကြီး မော်ဒယ်များကို 
မိတ်ဆက်လိုက်ပါတယ်။ Caviar က MiG-35 Jet-Fighter , Satan ICBM နဲ့ T-14 
Armata Tank တို့လို တိုက်ခိုက်ရေးယာဉ်များကို နှစ်သက်သူများအတွက်လည်း 
သူတို့ရဲ့ Theme များပါတဲ့ မော်ဒယ်များကို ထုတ်လုပ်ပေးထားပါတယ်။ 
Caviar
 က ဖုန်းသုံးလုံးအတွက် မော်ဒယ်များစွာကို ထုတ်လုပ်ပေးထားပါတယ်။ Love 
Collections မှာ စိန်များ ခြယ်သထားပြီး အနောက်သားရေ တပ်ဆင်ထားတဲ့ မော်ဒယ် 
ပါဝင်ပါတယ်။ ဗလာဒီမာပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ မျက်နှာများကို ရွှေဖြင့် 
ထုထွင်းထားတဲ့ မော်ဒယ်များကိုလည်း ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 
ရုရှားရဲ့ မာဂါဒန်ဒေသမှ မိုးကြိုးသွားကျောက်ဖြင့် 
တည်ဆောက်ထားတဲ့ iPhone X ကိုလည်း Trend အသစ်အနေဖြင့် Caviar က 
ဖန်တီးပေးထားပါတယ်။
Caviar ရဲ့ iPhone များဟာ တန်ဖိုးကြီးမားပါတယ်။ 
တန်ဖိုးအနည်းဆုံး iPhone 8 ဟာ ဒေါ်လာ ၃၀၀၀ တန်ကြေးရှိပြီး မြန်မာငွေ သိန်း 
၄၀ ၀န်းကျင်ကျသင့်နိုင်ပါတယ်။ မိုးကြိုးသွားကျောက် iPhone X ဟာ ဒေါ်လာ ၄၅၀၀ 
ဖြစ်ပြီး မြန်မာငွေ ၆၁ သိန်းဝန်းကျင် ကျသင့်နိုင်ပါတယ်။ 
Credit to ==>> DigitalTimes.com.mm