
Meizu က တရုတ်မှာ တန်ဖိုးနည်း M6 စမတ်ဖုန်းကို 
မိတ်ဆက်လိုက်ပါတယ်။ တန်ဖိုးနည်းပေမယ့် Octa-Core MediaTek MT6750 SoC, 13MP
 Rear Camera များ တပ်ဆင်ထားပါတယ်။ M6 မှာ ၅.၂ လက်မ HD Display ပါပါတယ်။ 
M6
 ရဲ့ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera များ 
တပ်ဆင်ထားပါတယ်။ Android 7.0 Nougat ကို Flyme 6.0 UI နဲ့ 
ပေါင်းစပ်ထားပါတယ်။ 3070mAh Battery ပါပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 
148.2×72.8×8.3mm ဖြစ်ပြီး ၁၄၃ ဂရမ် အလေးချိန်ရှိပါတယ်။ အရှေ့ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး ၀.၂ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock 
လုပ်နိုင်ပါတယ်။ Moonlight Silver, Champagne Gold , Matte Black, Electric
 Light Blue အရောင်များ ရွေးချယ်နိုင်ပါတယ်။ 
M6 အတွက် 2GB RAM/16GB Storage နဲ့ 3GB RAM/32GB 
Storage များ ရွေးချယ်နိုင်ပါတယ်။ ပလတ်စတစ်ကိုယ်ထည်ဖြင့် တည်ဆောက်ထားပေမယ့်
 သတ္တုဖရိမ်များ တပ်ဆင်ထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card ကို 
အသုံးပြုနိုင်ပါတယ်။ 
တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၀၅ ဒေါ်လာ သတ်မှတ်ထားပြီး
 မြန်မာငွေ အားဖြင့် ၁၅၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ စက်တင်ဘာလ ၂၅ 
ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။