9/19/2017

♪ Apple က iPhone နဲ့ iPad အသုံးပြုသူတွေအတွက် Free အသုံးပြုခွင့်ပေးလိုက်တဲ့ App (9) ခု ♫


iPhone နဲ့ iPad မှ Apple user တွေအတွက် အရင်လိုဝယ်စရာမလိုတော့ပဲ Free အသုံးပြုခွင့်ပေးလိုက်တဲ့ App ၈ ခုကိုဖော်ပြလိုက်ပါတယ်။ADDY ဆိုတဲ့ ဓာတ်ပုံဖန်တီးမှု App ကို အရင်က $7.99 ရောင်းချခဲ့တာဖြစ်ပြီး အခုတော့ free ရယူနိုင်ပြီဖြစ်ပါတယ်။ADDY ဟာ Multicolored Artworks နဲ့ PRESETS  လုပ်ဆောင်မှုနဲ့ အလန်းစား FILTERS တွေပါရှိလို
နေ့တိုင်း အသုံးပြုလို့ရမယ့် GOOD MORNING ဆိုတဲ့ အထူးပြုလုပ်ချက်တွေနဲ့ ပုံမှာ ကော်ဖီခွက်တွေ ထည့်ခြင်းမျိုးတွေ ပါရှိပါတယ်။ပုံတွေကို Capture တွဲပြီး Music နဲ့ ဖော်ပြတာမျိုး စတေကာထည့်သွင်းတာမျိုးပါရှိတဲ့ App ဖြစ်ပါတယ်။မွေးနေ့တွေအတွက် သီးသန့်ပုံပြင်ခြင်းတွေနဲ့ ကောင်းမွန်တဲ့ ဒီဇိုင်းများစွာပါရှိပါတယ်။

2.Depello
Depello ဆိုတဲ့ App ကို $ 2.99 ရောင်းချခဲ့ပြီး အခုတော့ သူ့ကိုလည်း Free သုံးခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။
ပုံပြင်ခြင်းအတွက် အထူးကောင်းမွန်ပြီး Computer Version ဖြစ်လို့ ပြင်ထားတဲ့ပုံတွေရဲ့ ရုပ်ထွက်က တကယ့်ကိုကောင်းမွန်တဲ့ App ဖြစ်ပါတယ်။ပုံတစ်ခုလုံးကို အရောင်ပြင်လို့ရသလို လိုချင်တဲ့နေရာကို ကွက်ပြီး အေ၇ာင်ပြောင်းလို့လဲရတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။


3.DriveBox HD
DriveBox HD ကို အရင်က $ 1.99 နဲ့ ရောင်းချခဲ့တာဖြစ်ပြီး စက်တပ်ယာဉ်တည်ဆောက်မှုပုံစံတွေကို လေ့လာအသုံးပြုနိုင်တဲံ App ဖြစ်ပါတယ်။ကား၊ထ၇ပ်ကား၊မော်တော်ဆိုင်ကယ် စတဲ့ စက်တပ်ယာဉ်ချစ်သူများအတွက် အသုံးပြုစရာ App ဖြစ်ပါတယ်။ကားတစ်စီးလုံးမှာတဲ့ အစိတ်အပိုင်းတခုချင်းစီပါဝင်ပြီး music,maps,video,calls,radio,widgets နဲ့ ကျန်တာတွေအများကြီးပါရှိတဲံ App ဖြစ်ပါတယ်။

4.Emoji Camera
Emoji တွေ အများကြီးပါတဲ့ Emoji Camera ကို $ 0.99 ရောင်းချခဲ့ပြီး အခု free ပေးလိုက်ခြင်း ဖြစ်ပါတယ်။
ကိုယ်ကြိုက်နှစ်သက်ရာပုံမှာ အရုပ်မျိုးစုံထည့်သွင်းပြီး ပျော်စရာတစ်ခုအနေနဲ့ ဖန်တီးလို့ရတဲ့ App ဖြစ်ပါတယ်။

5.Flight Fight 2
Flight Fight 2 ကို အရင်က $ 0.99 နဲ့ရောင်းချခဲ့ပြီး အခု free ပေးလိုက်တဲ့ App ဖြစ်ပါတယ်။
“Flight Fight II” လေယာဉ်ပစ်တဲ့ ဂိမ်းတခုဖြစ်ပြီး စစ်တပ်တွေကို ဝင်ဖောက်ရတာဖြစ်ပါတယ်။အဆင့် 90 ကျော်ပါပြီး သာမာန် ပြိုင်ပွဲပုံစံတေါလဲ ထည့်သွင်းထားပါတယ်။Easy,Medium,Hard ဆိုပြီး Level သုံးခုရှိပြီး ကိုယ်ကြိုက်နှစ်သက်ရွေးကစားလို့ရတဲ့ ဂိမ်းတခုဖြစ်ပါတယ်။

6.Levitagram
Levitagram ဆိုတဲ့ ဓာတ်ပုံရိုက် ဓာတ်ပုံပြင် App ကို အရင်က $ 1.99 နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခု free ပေးလိုက်ခြင်းဖြစ်ပါတယ်။ကာလာရွေးခြယ်ခြင်း၊မျက်နှာအသွင်အပြင် ချောမွတ်အောင်လုပ်ခြင်း၊အလင်းအမှောငချိန်ခြင်းနဲ့ နေရာအသစ်တွေကိုသွားပြီး ကိုယ့်ပုံအစားထိုးထည့်နိုင်ခြင်းတွေ ပြုလုပ်လို့ရပါတယ်။

7.noPhone Hour
noPhone Hour ဆိုတဲ့ App ကို အရင်က $ 0.99 နဲ့ ရောင်းချတာဖြစ်ပြီး အခု free ပေးလိုက်ပါပြီ။
နာ၇ီ အလိုက် ၊နေ့အလိုက် လုပ်ငန်းဆောက်ရွက်စရာတွေ ထည့်ပြီး အချိန်ကျရင် သင့်ကို စာနဲ့ပဲဖြစ်ဖြစ် အသံနဲ့ပဲခေါ်ဆို အချက်ပေးမှာဖြစ်ပါတယ်။ကျန်းမာရေးလေ့ကျင့်ချိန်တွေပါ မှတ်သားခြင်းတွေလုပ်ထားနိုင်ပါတယ်။


8.PlayerXtreme Media Player Pro
PlayerXtreme Media Player PRO ကို အရင်က $ 3.99ေ၇ာင်းချခဲ့ပြီး အခု free ပေးလိုက်ခြင်းဖြစ်ပါတယ်။
အကောင်းမွန်ဆုံးဗီဒီယိုတွေကို ဘယ်လို format နဲ့ မဆို ကြည့်လို့ရခြင်းပဲဖြစ်ပါတယ်။


9.Space Harrier II Classic
Space Harrier II Classic ကို $ 0.99 နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခု free ပေးလိုက်တာဖြစ်ပါတယ်။
ကျွန်းပေါင်း 12 ခုကို လှည့်လိုက်စစ်တိုက်ရဖြစ်ပြီး Third Person ကို ရှာဖွေရဖြစ်ပါတယ်။အမှောင်ကမ္ဘာဆန်တဲ့ ဂိမ်းရေးဆွဲထားမှုနဲ့ ဇာတ်ကောင်ရဲ့စွမ်းရည်တွေကို ထိန်းချုပ်ကိုင်တွယ် ကစားရတဲ့ ဂိမ်းတခုဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com