9/20/2017

♪ " Samsung မှ မျက်နှာအာရုံခံနည်းပညာပါတဲ့ Galaxy C8 ကို မိတ်ဆက် " ♫

Image may contain: phone

Samsung က တရုတ်နိုင်ငံမှာ ကင်မရာ 3 လုံးပါတဲ့ Galaxy C8 စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အနောက်ကင်မရာ 2 လုံးနဲ့ အရှေ့ကင်မရာ 1 လုံးတို့ ဖြစ်ကြပါတယ်။ သူ့မှာ 5.5 လက်မ Super AMOLED Full HD 1920 x 1080p Display တပ်ဆင်ထားပါတယ်။

မော်ဒယ် 2 မျိုးထုတ်လုပ်ပေးထားပြီး 32GB Internal Storage/3GB RAM နဲ့ 64GB Internal Storage/4GB RAM တို့ဖြစ်ကြပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Hybrid Dual-SIM ဖြစ်တဲ့အတွက် microSD Card စိုက်ထားရင် SIM Card 1 ခုသာ စိုက်နိုင်ပါတယ်။ 1.69GHz Core 4 လုံးနဲ့ 2.39GHz Core 4 လုံးပါတဲ့ Octa-Core CPU မောင်းနှင်မှာဖြစ်ပေမယ့် မော်ဒယ်ကို မသိရသေးပါဘူး။ အနောက်ဘက်မှာ 13 Megapixel Camera + 5 Mega­pixel Camera 2 လုံး ပူးတွဲတပ်ဆင်ထားပြီး အနောက်ဘက်ကင်မရာများမှာ ဓါတ်ပုံရိုက်ကူးပြီးတော့မှ Focus ကိုချိန်ညှိနိုင်တဲ့ Dual Photo စွမ်းဆောင်ချက်ပါပါတယ်။

အရှေ့ဘက်မှာ LED Flash 1 လုံးနဲ့အတူ 16MP Selfie Camera 1 လုံး တပ်ဆင်ထားပါတယ်။ လက်ဗွေရာအာရုံခံနည်းပညာအပြင် မျက်နှာအာရုံခံနည်းပညာ ပါပါတယ်။ မျက်နှာအာရုံခံနည်းပညာဖြင့် စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်ပါတယ်။ 4G connectivity, Bluetooth 4.2, Wi-Fi 802.11 b/g/n စတဲ့ ဆက်သွယ်မှုများကို ထောက်ပံ့ပါတယ်။ ဘက်ထရီကတော့ 3000 mAh ဖြစ်ပါတယ်။ Always-on Display စွမ်းဆောင်ချက်လည်း ပါပါတယ်။ အနက်၊ ရွှေနဲ့ နှင်းဆီရွှေရောင်များ ရွေးချယ်နိုင်ပြီး ဈေးနှုန်းနဲ့ ရောင်းချ မယ့်နေ့ရက်ကို မသိရသေးပါဘူး။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com