အခုဆိုလျှင်လူအများစုမျှော် လင့်စောင့်ဆိုင်းနေသော Apple ရဲ့iPhone အသစ်များထွက်ပေါ်လာခဲ့ပြီဖြစ်ပါ တယ်။ iPhone အသစ်များဟာရှေ့တွင် ထွက်ရှိခဲ့သောအချို့Android ဖုန်းများရဲ့ပုံစံနဲ့ဆင်တူသ ည်ဟုဆိုကာ မှတ်ချက်ပေးသူများလည်းရှိပါ တယ်။Apple ရဲ့ထုတ်ကုန်သစ်များကို အမျှော်လင့်ကြီးမျှော်လင့်ခဲ့ ကြသူများဟာအဆန်းသစ်ဆုံးသောစွမ်းရည်များနှင့်သူမတူသော စနစ်များပါရှိသည့်iPhone များကိုသာမျှော်လင့် ခဲ့ကြခြင်းဖြစ်ပါတယ်။ထို့ြေ ကာင့်အချို့သောသူများဟာAppl e ရဲ့ ထုတ်ကုန်သစ်များသည်တင်ကွတ်လ က်ထက်တွင်အခြားတံဆိပ်များကို မှီငြမ်းမှုပြုလုပ်လာသည်ဟုထင်မြင် ယူဆကြပါတယ်။ iPhone အသစ်များ ဟာဈေးနှုန်းပိုင်းမှာတော့ မြင့်မားမှုရှိမြဲဖြစ်ပါတယ်။ ငွေကြေးတန်ဖိုး များစွာရှိသောiPhone များကိုလူတိုင်းဝယ်ယူသုံးစွဲနိုင်ခြင်းမရှိပါဘူး။ ထို့ကြောင့်လည်းAndroid ဖုန်းများရဲ့ဈေးကွက်ဟာအခုအ ခါတွင်Apple ဈေးကွက်ကိုပင်ယှဉ်ပြိုင်နိုင်စွမ်းရှိလာခဲ့ပါတယ်။၂၀၁၇ ခုနှစ်အတွင်းထွက်ရှိထားသောစွမ်းရည်မြင့်Android ဖုန်းများစွာရှိပြီး၊အချို့ သောဖုန်းများကို ပြည်တွင်းဈေးကွက်ထဲတွင်ဝယ် ယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။Tech-Advisor တွင်ပြီးခဲ့သည့်စက်တင်ဘာလ၁၁ ရက်ကစာရေးသူChris Martin က၂၀၁၇ခုနှစ်အတွက်အကောင်းဆုံးသောAndroid ဖုန်းများကိုဖော်ပြ ရေးသားခဲ့ပါတယ်။Android ဖုန်းများထဲတွင်ထိပ်ဆုံးမှဦးဆောင်နေသော အမှတ်တံဆိပ်ကတော့Samsung ဖြစ်ပါတယ်။
နံပါတ်(၁)နေရာတွင်Chris ရွေးချယ်ခဲ့သောဖုန်းကတော့Ga laxy S8 ဖြစ်ပါတယ်။S8 ဟာမျက်နှာပြင်အပြည့်နီးပါး မြင်ကွင်းစွမ်းရည်ကိုဖော်ပြ ပေးနိုင်မယ့်ဖုန်းဖြစ်ကာScr een Size ကတော့5.8 inches ရှိပါ တယ်။ဖုန်းရဲ့မျက်နှာပြင်အကြ မ်းခံနိုင်စေဖို့အတွက်လည်းG orilla Glass 5 တပ်ဆင်ပေးထားပါတယ်။S8 ဟာအဓိက,ကင်မရာတွင်12MP, f/ 1.7 စွမ်းရည်ပါရှိကာရှေ့ကင်မရာငယ်က တော့8MP, f/ 1.7 စွမ်းရည်ရှိပါ တယ်။S8 ရဲ့အားသာမှုအပိုင်းတွင်မှတ်ဥာဏ် ပမာဏဟာလည်းအချက် တစ်ချက်အနေနဲ့ပါဝင်ပါတယ်။ဖု န်းတွင်းမှတ်ဥာဏ်ပမာဏက64GB ဖြစ်ပြီး၊RAMက4GB ဖြစ်ခြင်းကြောင့်ဖုန်းတွင်း ဒေတာပမာဏ သိမ်းဆည်း သည့်အခါတွင်အချိန်တစ်ခုအထိအ ဆင်ပြေမှုများစွာရရှိစေပါလိမ့်မယ်။ iPhone နှင့်အဓိကယှဉ်ပြိုင်နေသောS8 ဟာရေစိမ်ခံနိုင်မှုစွမ်းရည် ကိုလည်း သုံးစွဲသူများအတွက်ထောက်ပံ့ ပေးထားပြီး၊Samsung Pay စနစ်အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်ပေးထားပါသေးတယ်။An droid 7.0 စနစ်အသုံးပြုနိုင်မယ့်S8 ရဲ့CPU စွမ်းရည်ကတော့Octa core ဖြစ်ပါတယ်။စကားပြောဆိုတဲ့အခါတွင်နာရီ၂၀နီးပါးခံနိုင်စွ မ်းရှိစေရန် Li-Ion 3000 mAhဘက်ထရီကိုထည့်သွင်းပေးထားပါတယ်။
နံပါတ်(၂)နေရာအတွက်ရွေးချယ် ထားသောဖုန်းကတော့LG G6 ဖြစ်ပါ တယ်။G6ဟာထုတ်လုပ်ရောင်းချရာ ဈေးကွက်ပေါ်မူတည်၍မော်ဒယ်နံ ပါတ်ကွဲများစွာရှိပါတယ်။G6ရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့5.7 inches ရှိပါတယ်။အဆိုပါဖုန်းတွင်တပ်ဆင်ပေးထားသောအကြမ်းခံနိုင် သည့်မှန် အမျိုးအစားကတော့Gorilla Glass 3 ပါ။Multi touch စနစ်တွင်LG UX 6.0 UI ကိုသုံးစွဲနိုင်ပါမယ်။အဓိက, ကင်မရာဟာDual 13MP+13MP ဖြစ်ပြီး၊ရှေ့ကင်မရာငယ်ကတော့ 5MP, f/ 2.2 စွမ်းရည်ဖြစ်ပါတယ်။G6 ဟာလည်းIP 68 အသိအမှတ်ပြုထားခြင်းကြောင့်ရေအ နက်၁.၅မီတာ တွင်မိနစ်၃၀နီးပါးရေစိမ်ခံနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။မှတ်ဥာဏ်ပမာဏ အပိုင်းတွင်ROM ဟာ32/64/ 128GB ဆိုပြီးသုံးမျိုးသုံးစားရှိမှာဖြစ်ပြီး၊ RAMကိုတော့4GB ထည့်သွင်းပေးထားပါတယ်။Andro id
7.0နဲ့ တွဲဖက်အသုံးပြုရမယ့်CPU ကတော့Quad- core စွမ်းရည်ဖြစ်ပါ တယ်။US
Version အတွက်သာWireless Charging အသုံးပြုနိုင်
မှာဖြစ်ပါတယ်။ဘက်ထရီစွမ်းအားအနေဖြင့်Li-Po 3300mAh ကို ထည့်သွင်းပေးထားပါတယ်။
နံပါတ်(၃)မှာရပ်တည်နေသည့်ဖု န်းကတော့Sony ရဲ့Xperia XZ Premium ဖြစ်ပါတယ်။Sony ဖုန်းဖြစ်ခြင်းကြောင့်ရေစိမ်ခံနိုင်မှု စွမ်းရည်ကိုတော့မပါမဖြစ်ထည့်သွင်းပေးထားပါတယ်။ဖုန်းကို ယ်ထည် တည်ဆောက်မှုအပိုင်းတွင်Goril la Glass 5 Back panel ပါရှိပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.46 inches ဖြစ်ပြီး၊Sony ရဲ့X Reality Engine ကိုရုပ်ထွက်ပိုင်းအတွက်ထောက်ပံ့ပေးထားပါတယ်။ အဓိက,ကင်မရာဟာ19MP, f/ 2.0 စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ် ကတော့13MP, f/ 2.0 စွမ်းရည်ဖြစ်ပါတယ်။လက်ဗွေရာစနစ်အသုံးပြုနိုင် မှာဖြစ်ပြီး၊ဖုန်းတွင်းမှတ် ဥာဏ်ပမာဏတွင်64GB ပါရှိအောင်ဆောင်ရွက် ပေးထားပါတယ်။RAMပမာဏကိုတော့ 4GB ထည့်သွင်းပေးထားပါ တယ်။အများဆုံးတိုးချဲ့နိုင် မယ့်မှတ်ဥာဏ်ပမာဏကတော့256GB အထိ ပါ။Android 7.1 ကိုအသုံးပြုနိုင်မှာဖြစ်ပြီး၊နောက်ဆုံးပေါ်Android 8.0 သို့လည်းအဆင့်မြှင့်တင်အသုံးပြုနိုင်ပါမယ်။CPU ရဲ့စွမ်းရည်မှာOcta core ဖြစ်ပါတယ်။အားသွင်းအသုံးပြု ရမယ့်ဘက်ထရီအမျိုးအစား ကတော့Li-Ion 3230mAh ဖြစ်ပါတယ်။အားသွင်းမြန်ဆန်ေ သာ စနစ် လည်းပါရှိပါတယ်။
နံပါတ်(၄)မှာရွေးချယ်ထားသော ဖုန်းကတော့One Plus 5 ဖြစ်ပါတယ်။ One Plus 5 ဟာ ပြည်တွင်းဈေးကွက်ထဲတွင်တော့ ရောင်းချမှုသိပ်မရှိ ပါဘူး။အချို့သောပြည်ပဈေးကွ က်တွင်နာမည်ကြီးသောဖုန်းအမှ တ်တံဆိပ်
ဖြစ်ပါတယ်။Optic AMOLED capacitive touchscreen ရဲ့အကျယ် အ၀န်းပမာဏဟာ5.5
inches ရှိပြီး၊Multi touch စနစ်တွင်Oxygen OS 4.5.10
ကိုအသုံးပြုနိုင်ပါမယ်။အကြမ်း ခံသောဖုန်းမျက်နှာပြင်ဖြစ်စေရန် အတွက်လည်းGorilla Glass 5 ဖုံးအုပ်ပေးထားပါသေးတယ်။အဓိ က, ကင်မရာဟာDual 16MP+20MP ဖြစ်ခြင်းကြောင့်ပုံထွက်ကော င်းမွန်တဲ့ ဖုန်းဖြစ်ပြီး၊ရှေ့ကင်မရာငယ် ကတော့16MP, f/ 2.0
စွမ်းရည်ဖြစ်ပါတယ်။ OSအတွက်လည်းAndroid 7.1.1 ကိုသုံးစွဲပေးထားကာQual-comm
Snap-dragon 835 Chipset ပါရှိကာCPU ဟာ Octa core စွမ်းရည်
ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်း တွင်နှစ်မျိုးနှစ်စားရှိ ပါမယ်။RAM 6GB, ROM 64GB နှင့်RAM 8GB, ROM 128GB ဖြစ်ပါတယ်။Card Slot စနစ်အသုံးမပြုနိုင်ပါဘူး။အားသွင်းအသုံးပြုရမယ့် ဘက်ထရီ ကတော့Li-Po 3300mAh ပါ။
နံပါတ်(၅)အတွက်ရွေးချယ်ထားသ ည့်ဖုန်းမှာS8 Plus ဖြစ်ပါတယ်။S8 Plus နဲ့S8 ဟာစွမ်းရည်အများစုတွင်တူညြီ ကပါတယ်။S8 Plus ရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 6.2 inches ဖြစ်ပြီး၊ဖုန်းဘက်ထရီမှာLi- Ion 3500mAh ဖြစ်ပါတယ်။HTC U11 ကိုတော့နံပါတ်(၆)မှာနေရာပေး ထားပါတယ်။ဖုန်းရဲ့မျက်နှာပြ င်အကျယ်အ၀န်းက5.5 inches ဖြစ်ပါ တယ်။အဆိုပါဖုန်းတွင်လည်းGor illa Glass 5 ပါရှိပါတယ်။HTC ရဲ့ယခုဖုန်းဟာလည်းIP67 အသိအမှတ်ပြုထားခြင်းကြောင့် ရေအနက် ၁မီတာတွင်မိနစ်၃၀နီးပါးရေစိ မ်ခံနိုင်စွမ်းရှိပါမယ်။HTC Sense UI အသုံးပြုနိုင်မယ့်အဆိုပါဖုန်းရဲ့အဓိက, ကင်မရာဟာ12MP, f/ 1.7 စွမ်းရည် ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့16M P, f/ 2.0 စွမ်းရည်ဖြစ်ပါတယ်။HTC U11 ဟာလည်းမှတ်ဥာဏ်ပမာဏနှစ်မျိုးနှ စ်စားရှိပါတယ်။ROM 64GB, RAM 4GB နှင့်ROM 128GB, RAM 6GB ဆိုပြီးနှစ်မျိုးရှိပါတယ်။C ard Slot စနစ်အသုံးပြုပါကမှတ်ဥာဏ်ပမာ ဏကို256GB အထိတိုးချဲ့ အသုံးပြုနိုင်ပါမယ်။OS မှာAndroid 7.1 ဖြစ်ပြီး၊Oreo Version သို့လည်း အဆင့်မြှင့်တင်အသုံးပြုနိုင်ပါမယ်။ CPU စွမ်းရည်မှာOcta core ဖြစ်ကာ GPU မှာAdreno 540 ဖြစ်ပါတယ်။Li-Ion 3000mAh ဘက်ထရီဟာ3G Network တွင်၂၄နာရီနီးပါးစကားပြောဆိုနိုင်အောင်စွမ်းဆောင်ပေးနိုင် ပါတယ်။
နာမည်ကြီး Xiaomi တံဆိပ်ကတော့နံပါတ်(၇)မှာရှိ ပါတယ်။
XiaomiMi 6 ကိုChris Martin ကရွေးချယ်ပေးထားပါတယ်။5.15 inches မျက်နှာပြင်
အကျယ်အ၀န်းတွင်MIUI 8.0 ကိုသုံးစွဲနိုင်ပါမယ်။Dual 12MP စွမ်းရည်
ရှိသောကင်မရာကိုအနောက်ဘက်တွ င်တပ်ဆင်ပေးထားပြီး8MP စွမ်းရည် ရှိသောကင်မရာကိုအရှေ့ဘက်တွင်တပ်ဆင်ပေးထားပါတယ်။Octa core CPU, Android 7.1.1 အစရှိသောစနစ်များကိုအသုံးပြုနိုင်မှာဖြစ်ပြီး၊ RAMကတော့6GB ဖြစ်ပါတယ်။ROM မှာ64 (or) 128GB ဖြစ်ပါတယ်။ Li-Po 3350mAh ဘက်ထရီအတွက်လည်းအားသွင်းမြန်ဆန်သောစနစ် ထောက်ပံ့ပေးထားပါသေးတယ်။နံပါတ်(၈)ကတော့Google Pixel ဖြစ်ပါတယ်။5 inchesမျက်နှာပြင်အကျယ်အ၀န်းဟာအခြားသော ဖုန်းများနှင့်ယှဉ်ပါကကျဉ်း မြောင်းတဲ့အရွယ်အစားဖြစ်ပါတ ယ်။Quad Core CPU, Android 7.1 တို့ကိုအသုံးပြုနိုင်မှာဖြစ်ပြီး၊အဓိက,ကင်မရာ က 12.3MP ဖြစ်ပြီး၊ရှေ့ကင်မရာငယ်က8MP ပါ။RAM 4GB နှင့်ROM 32 (or) 128GB ပါရှိပါတယ်။ဘက်ထရီမှာLi-Ion 2770mAh ပါ။ Huaweiရဲ့P10 ကိုတော့နံပါတ်(၉)မှာနေရာပေး ထားပါတယ်။5.1 inches မျက်နှာ ပြင်တွင်Gorilla Glass 5ပါရှိကာအဓိက,ကင်မရာမှာDual 20MP+ 12MP ပါ။ရှေ့ကင်မရာငယ်ကတော့8MP ဖြစ်ပြီး၊Octa Core CPU ကိုအသုံးပြုပေးထားပါတယ်။RAM 4GB ပါရှိကာROM 32(or) 64GB ဆိုပြီးနှစ်မျိုးရှိပါမယ်။အားသွင်းအသုံးပြုရမယ့်ဘက်ထရီ ဟာLi-Ion 3200mAh ဖြစ်ပါတယ်။နံပါတ်(၁၀)ကတော့H uawei P10 Plus ဖြစ်ပါ တယ်။P10 နဲ့P10 Plus ဟာလည်းစွမ်းရည်အများစုတွင်တူညီမှုရှိပါတယ်။ P10 Plus ရဲ့မျက်နှာပြင်အကျယ်အ၀န်းကေ တာ့5.5inches ဖြစ်ပြီး၊ ဘက်ထရီစွမ်းအားမှာLi-Ion 3750-mAh ဖြစ်ပါတယ်။
အထက်ပါဖုန်း၁၀မျိုးဟာChris Martin ရဲ့စိစစ်ရွေးချယ်ထားမှုဖြစ်ြ ပီး၊ အကောင်းဆုံးဖုန်း၁၀မျိုးဖြစ်ခြင်းကြောင့် အဆင့်နံပါတ်များခွဲခြားထားခြင်းဟာပုံသေသတ်မှတ်လို့မရပါဘူး။သုံးစွဲသူ များ၏ကြိုက်နှစ်သက်မှု၊ဖုန်း တွင်းပိုင်းစွမ်းရည်နှင့်ထု တ်လုပ်ရောင်းချရာဈေးကွက်ပေါ်မူတည်၍ ဖုန်းတံဆိပ်များ၏ရပ် တည်မှုအနေအထားဟာအပြောင်းအလဲရှိမှာဖြစ်ပါတယ်။ဖုန်း ကုမ္ပဏီတိုင်းကတော့သူတို့၏ဖု န်းများကိုအကောင်းမွန်ဆုံးစီမံထုတ်လုပ်ထားပါတယ်။အဆိုပါ ဖုန်း၁၀မျိုးလုံးရဲ့မျက်နှာ ပြင်အကျယ်အ၀န်းဟာ နောက်ဆုံးပေါ်iPhone 8 ထက်ကြီးမားပါတယ်။
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
နံပါတ်(၁)နေရာတွင်Chris ရွေးချယ်ခဲ့သောဖုန်းကတော့Ga
နံပါတ်(၂)နေရာအတွက်ရွေးချယ်
နံပါတ်(၃)မှာရပ်တည်နေသည့်ဖု
နံပါတ်(၄)မှာရွေးချယ်ထားသော
နံပါတ်(၅)အတွက်ရွေးချယ်ထားသ
နာမည်ကြီး Xiaomi တံဆိပ်ကတော့နံပါတ်(၇)မှာရှိ
အထက်ပါဖုန်း၁၀မျိုးဟာChris Martin ရဲ့စိစစ်ရွေးချယ်ထားမှုဖြစ်ြ
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/