Virtual Reality နည်းပညာဟာဂိမ်းသာမကနယ်ပယ်ပေါင်းစုံမှာ
လူသားများကို အထောက်အကူပြုနိုင်ပါတယ်။ VR Headset ဖြင့် အာကာသ၊
ပင်လယ်ရေအောက်ထဲသို့ အလည်သွားနိုင်ပါသေးတယ်။ အခုလည်း အိမ်မှာနေရင်းရုပ်ရှ င်ရုံမှာလို ကြည့်နိုင်မယ့် Cinema VR Headset ကိုကုမ္ပဏီတစ်ခုကဖန်တီးလိုက် ပါတယ်။ သူ့ကို Cinera လို့ အမည်ပေးထားပြီး Home Theater System ထက် စွမ်းရည်မြင့်မားတယ် လို့ ကုမ္ပဏီကပြော ပါတယ်။
တီထွင်သူများက Cinera ကိုကမ္ဘာ့ပထမဆုံးစွမ်းရည်မြင့်
ကိုယ်ပိုင် ရုပ်ရှင်ရုံလို့ တင်စားထားပါတယ်။ သူရဲ့ အရွယ်အစားကစာအုပ်
တစ်အုပ်လောက်သာရှိပြီး 2.5K Display တပ်ဆင်ထားပါတယ်။ သူ့ကိုစမတ်ဖုန်း၊
ကွန်ပျူတာ၊ ဂိမ်းစက်နဲ့ Blu-Ray Player များနဲ့ တွဲဖက် အသုံးပြုရမှာ
ဖြစ်ပါတယ်။ စမတ်ဖုန်းမှာတော့ Netflix, YouTube, Hulu တို့လိုအင်တာနက်
အခြေပြု ရုပ်ရှင်၊ တီဗီရှိုးများ ပြသတဲ့ Apps များကို ထည့်သွင်း၍ VR Headset
ဖြင့် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Cinera မှာ HDMI Cable, USB Cable နဲ့
microSD Card များအတွက် Ports များတပ်ဆင်ပေးထားပါတယ်။
Cinera ကိုထုတ်လုပ်ရောင်းချဖို့အတွ က် ကုမ္ပဏီကလက်ရှိမှာ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပြီးရည်မှန်းထားတဲ့  ဒေါ်လာ ၅၀ ၀၀၀ ကိုကျော်လွန်ကာဒေါ်လာ ၂၅၀ ၀၀၀ ကျော် ရရှိနေပါပြီ။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
တီထွင်သူများက Cinera ကိုကမ္ဘာ့ပထမဆုံးစွမ်းရည်မြင
Cinera ကိုထုတ်လုပ်ရောင်းချဖို့အတွ
Mobile Guide Journal (Every Monday)
https://www.facebook.com/