
YotaPhone က တရုတ်မှာ မျက်နှာပြင် ၂ ခုပါတဲ့ Yota 3
 စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ Yota 3 မှာ Qualcomm Snapdragon 625 
Processor , 4GB RAM ထည့်သွင်းထားပါတယ်။ သူ့ရဲ့ အခြားစမတ်ဖုန်းများထက် 
စွဲဆောင်မှုမှာ အရှေ့နဲ့ အနောက်ဘက်မှာ မျက်နှာပြင် တစ်ခုစီ တပ်ဆင်ထားခြင်း 
ဖြစ်ပါတယ်။ အရှေ့ဘက်မှာ ၅.၅ လက်မ Full HD AMOLED Display နဲ့ အနောက်ဘက်မှာ 
၅.၂ လက်မ E-ink Display တပ်ဆင်ထားပါတယ်။ 
အနောက်ဘက်မှာ
 12MP Camera နဲ့ အရှေ့ဘက်မှာ 13MP Camera တပ်ဆင်ထားပါတယ်။ 
ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျှင်မြန်တဲ့ USB 
Type-C Port တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။ Bluetooth 4.2
 , WiFi, GPS များ ပါဝင်ပါတယ်။ Android 7.1.1 Nougat ထည့်သွင်းထားပါတယ်။ 
လက်ရှိမှာ အနက်ရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားပြီး နောက်ပိုင်းမှာ 
အခြားအရောင်များ ထုတ်လုပ်ပေးနိုင်ပါတယ်။ 
64GB Model ကို ယွမ် ၃၆၉၉ ၊ 128GB Model ကို ယွမ် 
၄၂၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့် ၇၅၀ ၀၀၀ နဲ့ ၈၈၀ ၀၀၀ ၀န်းကျင် 
ကျသင့်နိုင်ပါတယ်။ တရုတ်မှာ အောက်တိုဘာလမှာ ရောင်းချမှာဖြစ်ပေမယ့် နေ့ရက် 
အတိအကျကို မသိရသေးပါဘူး။ ကုမ္ပဏီက အခြားနိုင်ငံများမှာလည်း ရောင်းချဖို့ 
စီစဉ်နေပါတယ်။ အခြားနိုင်ငံများမှာတော့ YotaPhone 3 အမည်ဖြင့် ရောင်းချမှာ 
ဖြစ်ပါတယ်။