9/19/2017

♪ “ပြည်တွင်းမိုဘိုင်းဈေးကွက်ထဲသို့ ၀င်ရောက်လာတော့မည့် Meizu Pro 7 နှင့် Pro 7 Plus” ♫

No automatic alt text available.

Meizu မှ ယင်း၏ ထုတ်ကုန်သစ်များဖြစ်သော Pro 7 နှင့် Pro 7 Plus ကို မကြာမီအချိန်အတွင်း ပြည်တွင်း ဈေးကွက်ထဲတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ Meizu Pro 7 နှင့် Pro 7 plus ၏ အားသာ ချက်မှာ Rear Screen ပါဝင်လာပြီး Screen ကို နှစ်ချက်ထိရုံဖြင့် ဖွင့်နိုင်မည်ဖြစ်ပြီး Rear Screen ရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ မိုးလေ၀သနှင့်အချိန်ကို ပြသပေးပြီး ကျန်းမာရေးအတွက် ခြေလှမ်း အရေအတွက် များကို ပြသပေးကာ MP3 တစ်ခုလို အသုံးပြုလို့ရပါမယ်။ အသုံးမပြုတော့ပါက ၈စက္ကန့်အတွင်း အလိုအလျောက် ပိတ်သွားမည်ဖြစ် သည်။

Plus Pro 7 နှင့် Pro 7 Plus ၏ Camera ကို Sony IMX 386 (6) P Lens တပ်ဆင်ထားပြီး RGB 12 MPနှင့် Mono chrome 12 MP ထည့်သွင်းပေးထားသောကြောင့် ကြည်လင်သောဓာတ်ပုံ ဗီဒီယိုတို့ကို စိတ်တိုင်းကျ ရိုက်ကူးနိုင်မည် ဖြစ်သည်။ အရှေ့ဘက် Selfie Camera ကို 16 MP နှင့် Arc Soft intellengent Beautification ကို တွဲဖက်ထား သည့်အတွက် Selfie ဓာတ်ပုံတွေကို ကြည်ကြည်လင်လင်ရိုက်ကူးနိုင် မည်ဖြစ် သည်။


Blurring Mode ကိုအသုံးပြုခြင်းကြောင့် Focus ထားမည့်အရာဝတ္တုကို ကြည်လင်စေပြီး မလိုအပ်သည့် အပိုင်းများကို Blurring လုပ်ထားနိုင်မည်ဖြစ်သည်။ Pro 7 Plus တွင် ပါဝင်သည့် M Charge 4.0 သည် ၃၅ မိနစ်အားသွင်းရုံဖြင့် Battery 80% အထိ အားလျင်မြန်စွာ ပြည့်ဝစေရန် ပြုလုပ်ပေးထားသည်။ Pro 7 ကို 559,000 ကျပ်၊ Pro 7 Plus ကို 699,000 ကျပ်ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်သည်။


ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com