Asus က သူ့ရဲ့ အမေရိကန် ၀က်ဆိုက်မှာ Zenfone V
စမတ်ဖုန်းကို ပြသထားပါတယ်။ Zenfone V မှ V ဟာ အမေရိကန် မိုဘိုင်းအော်ပရေတာ
Verizon ကို ရည်ညွှန်းခြင်းဖြစ်ပြီး သူ့ကို Verizon ကနေ ရောင်းချပေးမှာ
ဖြစ်ပါတယ်။ Verizon က အဲဒီ စမတ်ဖုန်း သတင်းကို ပြောကြားခြင်း
မရှိသေးတဲ့အတွက် ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။
Zenfone V ရဲ့ မော်ဒယ်အမည်မှာ V520KL ဖြစ်ပါတယ်။
Asus
Zenfone V မှာ ၅.၂ လက်မ Full HD AMOLED Display တပ်ဆင်ထားပါတယ်။ Qualcomm
Snapdragon 820 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 32GB Internal
Storage များ တပ်ဆင်ထားပါတယ်။ 256GB Card စိုက်နိုင်တဲ့ microSD Card Slot
လည်း ပါဝင်ပါတယ်။ Android 7.0 Nougat မောင်းနှင်မှာပါ။
Asus Zenfone V ရဲ့ အနောက်ဘက်မှာ 23 Megapixel
Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာ ပါပါတယ်။
အနောက်ကင်မရာက 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8
Megapixel Camera တပ်ဆင်ထားပါတယ်။ 3000mAh Battery ပါပြီး လျှင်မြန်စွာ
အားသွင်းနိုင်တဲ့ PowerDelivery 2.0 နည်းပညာ ပါပါတယ်။ ကိုယ်ထည်မှာ
တောက်ပြောင်တဲ့ အနက်ရောင်ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 5.77 x 2.86 x
0.3 inch ဖြစ်ပါတယ်။