
Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို 
ကမ္ဘာအ၀န်းမှာ ရောင်းချပေးလိုက်ပါတယ်။ iPhone အသစ်ကို ၀ယ်ယူဖို့ 
စောင့်ဆိုင်းနေသူများအတွက် iPhone 8 နဲ့ iPhone 8 Plus ထဲမှ စာဖတ်သူအတွက် 
သင့်တော်မယ့် တစ်လုံးကို ရွေးချယ်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ 
ဖုန်းနှစ်လုံးရဲ့ ဒီဇိုင်းဟာ အလွန်တူညီပြီး 
နှစ်လုံးစလုံးမှာ ဒြပ်ထုများကို ပေါင်းစပ် တည်ဆောက်ထားတဲ့ ဒီဇိုင်းကို 
အသုံးပြုထားပါတယ်။ အနောက်ဘက်ကို သတ္တုအစား ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ 
ဘေးဘက်မှာ အလူမီနီယမ် ဖရိမ်များ တပ်ဆင်ထားပါတယ်။ အနောက်ဘက် ဖန်မျက်နှာပြင် 
ကွဲအက်မှာကို စိုးရမ်နေသူများအတွက် Apple က လေဆာဖြင့် ဂဟေဆက်ထားတဲ့ စတီးနဲ့
 ကော့ပါး တွဲဖက် တည်ဆောက်ထားမှုကြောင့် iPhone 8 များရဲ့ အနောက်ဘက် ဖန်ဟာ 
အကြမ်းအခံဆုံးဖြစ်တယ်လို့ ပြောပါတယ်။ 
အနောက်ဘက်မှာ သတ္တုအစားဖန်ဖြင့် ဖုံးအုပ်ထားတဲ့အတွက်
 Qi Wireless Charging ကို ထည့်သွင်းပေးနိုင်ခြင်း ဖြစ်ပါတယ်။ iPhone X 
မှာလို ဘေးဘောင်နဲ့ ခလုတ်မဲ့ ဒီဇိုင်း မဟုတ်ဘဲ iPhone 8 နဲ့ iPhone 8 Plus 
များမှာ လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားတဲ့ Physical Home Button 
တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ 3.5mm Headphone Jack မပါတဲ့အတွက် 
သီချင်းချစ်သူများအတွက် Wireless Headphone များကိုသာ အားကိုးရမှာပါ။ 
အားနည်းချက်တစ်ခုက iPhone X ရဲ့ OLED Panel ကို မသုံးထားဘဲ iPhone 8 
များမှာ အရင် iPhone များမှာလို IPS Panel ကိုသာ သုံးထားပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ အဓိက 
ကွာခြားချက် ၂ ခုမှာ  iPhone 8 ရဲ့ ၄.၇ လက်မ Retina Display ၊ အနောက်ကင်မရာ
 ၁ လုံးတပ်စနစ်နဲ့ iPhone 8 Plus ရဲ့ ၅.၅ လက်မ Retina Dispslay ၊ အနောက် 
ကင်မရာ ၂ လုံးတပ်စနစ်များ ဖြစ်ပါတယ်။ 
iPhone 8 ရဲ့ အနောက်ဘက်မှာ 12MP Camera ၁ လုံးသာ 
တပ်ဆင်ထားပြီး iPhone 8 Plus မှာ OIS ပါတဲ့ 12MP Camera ၂ လုံး 
တပ်ဆင်ထားပါတယ်။ Apple က iPhone 8 ရဲ့ ဓါတ်ပုံအရည်အသွေးကို တိုးတက်စေဖို့ 
ISP Processor အသစ်ကို အသုံးပြုထားပြီး ယခင် iPhone များထက် အလင်းရောင်ကို 
၈၀ ရာခိုင်နှုန်း ပိုမို ဖမ်းယူပေးနိုင်တယ်လို့ ပြောပါတယ်။ iPhone 8 Plus 
ရဲ့ ကင်မရာ ၂ လုံးတပ် စနစ်က အလင်းရောင် ရရှိမှု ခက်ခဲတဲ့ နေရာများမှာ ပိုမို
 အစွမ်းထက်နိုင်ပြီး iPhone 8 မှာ မရနိုင်တဲ့ ကင်မရာ စွမ်းဆောင်ချက် 
အနည်းငယ်ကို ဖန်တီးပေးပါတယ်။ 
iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့  အကောင်းဆုံး 
ကင်မရာ စွမ်းဆောင်ချက်မှာ Portrait Lighting Mode ဖြစ်ပြီး Camera App ရဲ့ 
Portrait Menu မှာ သုံးနိုင်ပါတယ်။ သူက Lenses ၂ ခုဖြင့် အရာဝတ္ထုတစ်ခုရဲ့ 
မျက်နှာကို အာရုံခံနိုင်ပြီး အဲဒီနောက်မှာ အဆင့်မြင့် အလင်းရောင် Effects 
များကို ဖန်တီးနိုင်ပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့အတွက် 64GB နဲ့ 
256GB Storage များကို ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းများရဲ့ ဘက်ထရီ 
ပမာဏများကိုတော့ မသိရသေးပါဘူး။ 
Apple ဟာ iPhone များ မိတ်ဆက်စဉ်မှာ သူ့ရဲ့ 
Specifications အသေးစိတ်ကို ပြောကြားလေ့ မရှိပါဘူး။ အဲဒီအတွက် iPhone 8 နဲ့
 iPhone 8 Plus တို့မှာ ဘယ်ဖုန်းက စွမ်းရည် ပိုမို မြင့်မားသလဲဆိုတာ 
တွက်ချက်လို့ မရပါဘူး။ သိထားတဲ့ သတင်းအချက်အလက် အနည်းငယ်အရ iPhone 8 နဲ့ 
iPhone 8 Plus တို့ဟာ ယခင် iPhone များထက် ပိုမို မြန်ဆန်လာမှာ သေချာပါတယ်။
 iPhone 8 နဲ့ iPhone 8 Plus တို့မှာ Core ၆ လုံးပါတဲ့ A11 Bionic CPU 
တပ်ဆင်ထားပြီး ၂ လုံးမှာ စွမ်းဆောင်ရည်မြင့် Core များနဲ့ ၄ လုံးမှာ 
စွမ်းအင်စားသုံးမှု နည်းပါးတဲ့ Core များ ဖြစ်ပါတယ်။ Apple က A11 ရဲ့ Core 
များဟာ A10 ထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပြီး စွမ်းအင်စားသုံးမှု 
နည်းပါးတယ်လို့ ပြောပါတယ်။ 
iPhone 8 နဲ့ iPhone 8 Plus တို့မှာ Core ၃ 
လုံးပါတဲ့ GPU တပ်ဆင်ထားပြီး A10 ရဲ့ Graphics ထက် ၃ ဆ ပိုမို 
မြန်ဆန်ပါတယ်။ Apple ပြောတဲ့ အတိုင်းသာဆိုရင် iPhone 8 နဲ့ iPhone 8 Plus 
တို့ဟာ စွမ်းဆောင်ရည်အပိုင်းမှာ အလွန် ကောင်းမွန်ပြီး 4K Video များ 
ရိုက်ကူးခြင်း၊ စွမ်းရည်မြင့် ဂိမ်းများ ကစားခြင်း၊ ဘရောက်စာမှာ Tab 
များစွာ ဖွင့်ပြီး အသုံးပြုခြင်းတို့လို အရာများကို ကောင်းစွာ 
နိုင်နင်းပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ အဓိက 
ကွာခြားချက်နောက်တစ်ခုမှာ RAM ဖြစ်နိုင်ပြီး Apple ဟာ ယခင်ထုတ် iPhone 
များရဲ့ Plus Version မှာ ပိုမိုများပြားတဲ့ RAM ပမာဏကို 
ထည့်ပေးလေ့ရှိပါတယ်။ 
iPhone 8 နဲ့ iPhone 8 Plus တို့ဟာ 
ကွဲပြားခြားနားမှုအနည်းငယ်သာ ရှိပါတယ်။ Phone 8 Plus ဟာ ကင်မရာ နည်းပညာ 
ပိုမို မြင့်မားပြီး Phablet Fans များအတွက် ရွေးချယ်စရာ ဖြစ်ပေမယ့် 
တန်ဖိုးနည်း မော်ဒယ်ဟာ ဒေါ်လာ ၈၀၀ ဖြစ်ပြီး iPhone 8 ရဲ့ တန်ဖိုးနည်း 
မော်ဒယ်ထက် ဒေါ်လာ ၁၀၀ ပိုမိုများပြားပါတယ်။ မြန်မာငွေ အားဖြင့် ၁၅၀ ၀၀၀ 
ဝန်းကျင်ခန့် ပိုမို ကျသင့်နိုင်ပါတယ်။